ပဉ္စလက်မြို့တော်(၁၂)Uni

1K 147 10
                                    

"သံသရာစက်ဝန်း ဆိုတာ ဥပါဒ်ဒါန် အကြောင်းကြောင့် လည်ပတ်နေရခြင်းပါ"

အဆက်အစပ်မရှိတဲ့ ပြောစကားကြောင့် အငယ်တို့နှစ်ယောက်လုံးအံ့သြမိသည်။

"မော်ဆွန် ဘာများအကြောင်းထူးရှိလို့ပါလဲ"

"တော်ဘုရားဧည့်သည်နဲ့
စကားပြောခွင့်ပေးပါ "

"မော်ဆွန်သူက မကြာခင်ပြန်တော့မှာပါ"

"ဧည့်သည်ကို ဆုံးဖြတ်ပါစေ"

"ကောင်းပါပြီ မော်ဆွန်"

ဘာစကားတွေပြောမယ်ဆိုတာ မသိသော်လည်း ထူးဆန်းသော လူကြီးနှင့် စကားပြောရမှာကို အလွန်ကြောက်နေမိသည်။ အငယ့်ရဲ့ အခက်အခဲကို ရိပ်မိဟန်တူသောကြောင့် တော်ဘုရားက....

"ပြောလိုက်ပါ မော်ဆွန်က မင်းသိချင်တာတွေအားလုံးကိုပြောပြနိုင်တယ်"

" သူကျွန်မကို သဘောမကျဘူးထင်တယ် "

"အဲ့တာကတော့ မင်းဘယ်လိုလူလဲဆိုတာမူတည်တယ် "

"ကျွန်မက လမ်းပျောက်နေတဲ့သူ အိမ်ပြန်ချင်တာပဲသိတယ် "

"ကိုယ်ပြောမယ် မော်ဆွန်က ဘာမှမကောင်းတာမလုပ်ဘူး ကိုယ့်သက်သေထူပေးမယ် မင်းက ဘယ်လိုလူဖြစ်ဖြစ် ဘယ်သူ့ကြောင့် မှ ဒုက္ခမရောက်စေရဘူး "

ရင်ထဲ အတန်နွေးထွေးသွားသလိုခံစားရသည်။ ဘာပဲဖြစ်ဖြစ် တော်ဘုရားက အိမ်မက်တွေထဲမှာ အမြဲလိုလို အငယ့်အား အန္တရာယ်ပေးခဲ့တာတော့ မဟုတ်ဘူး။
ဒါကြောင့် သူ့ကိုပဲ ယုံကြည်လိုက်တော့မယ်။

နောက်ကလိုက်ခဲ့ဟုဆိုသောကြောင့် အငယ်တစ်ယောက်ထဲ မော်ဆွန်ရဲ့ နောက်က လိုက်သွားသည်။ ကျောက်ဖျာထက်က ဘုရားဆင်းတုတော်ကို လက်ယာရစ်ပတ်ကာ ဂူအတွင်းပိုင်းထဲထိ ဝင်လာခဲ့ပြီ။ ပို၍မှောင်မဲကာ အေးစက်နေသည်။ ကျောက်စက်ပန်းစွဲများမှ ကျနေသော ရေစက်ကလေးများ၏ အသံမှအပ ဘာမှမကြားရ ။

သတိထားမိသလောက်ကတော့ ကျောက်ဂူနံရံတွင် လှပသော ကျောက်ဆစ်ရုပ်ထုများ ထွင်းထုထားသည်။ အများအားဖြင့် ယမုံးကနေသော ယောကျ်ားမိန်းမစုံတွဲ အရုပ်များ၊ ဓားသိုင်းလေ့ကျင့်နေသော စစ်သည်ရုပ်ထုများနှင့် တိုးနယားရုပ်၊ ကိန္ဒရီ ကိန္ဒရာ
ရုပ်ထုများသာဖြစ်သည်။

ပဉ္စလက်မြို့တော်(Normal)Where stories live. Discover now