ပဉ္စလက်မြို့တော်(၂၄)Uni

844 109 7
                                    

…တကယ်လို့များ မင်းပြန်သွားဖြစ်မယ်ဆိုရင် ကိုယ့်ကို မေ့သွားမှာပေါ့နော်…
…ဖြစ်နိုင်ပါ့မလား…နှစ်တရာကျော်တာတောင်… အရောက်ပြန်လာနိုင်ခဲ့သေးတာပဲ …ဘယ်လိုမေ့ပါ့မလဲ… ကိုယ်
တကယ် ဝမ်းသာတယ်.… မင်းကိုတွေ့ဆုံ…

“ရှင် အဆင်ပြေရဲ့လား”

“ဟင် …အင်း …ကိုယ်အိမ်မက်မက်နေတာထင်တယ် ဒါနဲ့ မင်းဘာလို့ ဒီကိုရောက်နေတာလဲ
ကိုယ်ဘာလုပ်ပေးရမလဲ ”

“ဒီနေ့က လဆန်းရက်လေ ညီလာခံကျင်းပရမဲ့ နေ့လေ ရှင်ဘာမှမပြင်ဆင်ဘူးလား”

တကယ်ပဲ သူ့ရှေ့မှာရှိနေသည့် မိန်းကလေးအဖြစ်မှ အရင်ဘဝက သူ့တပ်မှူး ခွန်ဆေဝ်အဖြစ်ကို ပြောင်းသွားသလိုပင်။ အကုန်မှတ်မိနေတော့တာပဲလား…

“ရှင်ပြောပါဦး အရင်လို မဟုတ်ပဲ
ဟော်နန်းမှာ ဘာတွေပြောင်းလဲသွားသေးလဲဟင် ”

“အများကြီးပေါ့ တကယ်တော့ ပြောင်းလဲသွားတာမဟုတ်ဘူး ရပ်တန့်သွားတာပါ  ပြောရရင်… အာ့… ကျွစ် ကျွစ် ”

တညလုံး စာကြည့်ခန်းမှာ စာဖတ်ရင်း အိပ်ပျော်သွားတာမို့ တကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ စကားပြောရင်း ထိုင်ခုံပေါ်မှ အနေအထားပြောင်းလိုက်ရာ လက်ကအဆင်မသင့်လို့ နာသွားသည်။

“ဘာဖြစ်လို့ အိပ်ဆောင်မသွားဘဲနဲ့ ဒီမှာနေရတာလဲ လာ နှိပ်ပေးမယ် ”

“ကျေးဇူး ”

နာသွားသော လက်ပြင်နေရာကို ဖွဖွလေးလာနှိပ်ပေးသည့် လက်တစုံရဲ့ အထိအတွေ့က ဟိုးတုန်းကနဲ့ လုံးဝကွာခြားသွားပြီ။ ဓါးကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်သော တပ်မှုူးတစ်ယောက်ရဲ့ လက်နှင့် ချောမောသည့် မိန်းမငယ်လေးရဲ့ နူးညံ့သော လက်အစုံရဲ့ ကွာခြားမှုက  စဝ်ခွန်ဟော်ခမ်းကို စိတ်ရှုပ်ထွေးစေသည်။

“ ဒါနဲ့လေ မင်းနာမည် ဘယ်လိုခေါ်လဲဟင် ဟိုတခါပြောတာတော့ အသေးလေး ဆိုလား”

“ဟမ် ဘယ့်နဲ့ လူနာမည်က အဲ့လိုဖြစ်ပါ့မလား နှစ်တရာကျော်အသက်ရှင်လာရတာဆိုတော့ မှတ်ဥာဏ်မကောင်းတော့ဘူးလား အငယ်လို့ခေါ်တယ် ညီအစ်မနှစ်ယောက်ရှိတယ်လေ ကျွန်မကအငယ်ဆုံးမို့ ချစ်စနိုးခေါ်ရင်း အဲ့လိုဖြစ်သွားတာ ”

ပဉ္စလက်မြို့တော်(Normal)Nơi câu chuyện tồn tại. Hãy khám phá bây giờ