ပဉ္စလက်မြို့တော်(၂၆)Uni

827 110 6
                                    

“လာ ဆေးသောက်ဦး မင်း အအေးမိလိမ့်မယ် ”

“ရှင်ရော မသောက်ဘူးလား ရှင်လဲအတူတူရေစိုလာတာပဲကိုး ”

“ဟင်း အရင်ဘဝတုန်းကလိုပဲနော် မှတ်ဉာဏ်က သိပ်မကောင်းဘူးပဲ ”

“ဘာပြောတယ်”

“ကိုယ်ပြောပြီးပါပေါ့လား ဒီနေရာမှာ တစုံတဦးက သတ်လို့သေတာမဟုတ်ပဲနဲ့ ဥပစ္ဆေဒကကံ ထိုက်လို့သေတာမဟုတ်ပဲနဲ့ ဖျားလို့ နာလို့သေတဲ့သူမရှိပါဘူးလို့ ဒါကြောင့် ကိုယ်အပါအဝင် ဒီလွယ်လုံကလူတွေအားလုံးဖျားတာနာတာမဖြစ်ဘူးလို့ ကိုယ်ပြောဖူးပါတယ် မင်းကတော့ မတူဘူးလေ ရော့ပါ မြန်မြန်သောက်”

တကယ်လူကိုနှိမ်တာပဲ။ စိတ်ထဲအောင့်သက်သက်ဖြစ်ပေမယ့် ဂရုစိုက်ရှာသားပဲလို့တွေးရင်း ရင်ထဲကြည်နူးရပါသည်။ ဆေးရဲ့အရောင်မှာ လက်ဖက်ခြောက်ခပ်တာများသွားလို့ အရောင်ပြောင်းသွားသော ရေနွေးကြမ်းလိုပဲ မဲညစ်ညစ်နဲ့။ အနံ့ကရော ဘယ်လိုရှိမလဲသိချင်တာမို့ ဆေးခွက်ကို ယူပြီး အနံ့ခံကြည့်သည်။

“အွတ်… အဟွတ်… ဟွတ်”

ရင်ထဲကပါ ပျို့တက်လာသည်။
အဖွားရဲ့ တိုင်းရင်းဆေးတွေ အတိုင်းပဲ ဆိုးရွားလှပါလား။ ဒါကြီးကို ဘယ်လိုမှ သောက်နိုင်မှာမဟုတ်။

“သောက်လိုက်ပါ ဒီဆေးက ဟော်နန်းသုံး သမားတွေတော်ကိုယ်တိုင်ဖော်စပ်ထားတာ ရောဂါမျိုး
၉၆ပါးတောင်နိုင်တယ် ”

“ခါး …ခါးမှာလားဟင် ”

“အင်းနဲနဲတော့ ခါးတယ် ဒါပေမယ့် ကိုယ်ပြင်ဆင်လာပါတယ် ရော့ဒီမှာကြည့်စမ်း ဘာတွေလဲလို့ ”

ဖက်စိမ်းအုပ်ကလေး တခုကို အနားသို့တိုးပေးရင်း အဖုံးဖွင့်ပေးသည်။ ချိုမြမြရနံ့နှင့်အတူထွက်ပေါ်လာတာက  ဝါနစ်နေသော ငါးဥသီးခေါ် ဘွတ်ရှ်ဘယ်ရီသီးများ။

“ဝါး…  ငါးဥသီးတွေ ”

ပြောလဲပြော လက်ကလဲနှိုက်ယူစားလိုက်သည်။ ချိုနှစ်နေတာပဲ။ အရည်ရွှမ်းပြီး အနံ့လည်းမွှေးသည့်အပြင် ဝါးလိုက်ရင် တဖောက်ဖောက်နှင့် စားကောင်းသည့် ဒီငါးဥသီးများကို ဟိုးတုန်းကရော အခုရော ကြိုက်တာတော့ မပြောင်းလဲသေး။

ပဉ္စလက်မြို့တော်(Normal)Where stories live. Discover now