ပဉ္စလက်မြို့တော်(၇)Uni

1.3K 156 13
                                    

"ငါဘယ်ရောက်နေတာပါလိမ့် "

သေချာတာကတော့ တခါမှမရောက်ဖူးတဲ့ နေရာစိမ်းတစ်ခုဆိုတာ။ အကြိမ်ကြိမ် မျက်လုံးကို ပွတ်ကြည့်တော့လည်း မပြောင်းလဲသေး ။ ရှေ့မှာရှိနေတာက ချောင်းတစ်ခုလား။ အနဲဆုံး ပေနှစ်ဆယ်လောက်ကျယ်မည်ဟု ခန့်မှန်းရသော ချောင်းငယ်က ကန့်လန့်ကြီး။ ဟင် လူ လူတွေ ဟိုမှာ ရှိနေတာပဲ။ တခုခုတော့ မေးလို့ရမယ် ထင်သည်။

သျှမ်းဝတ်စုံ ဝတ်ထားသော အမျိုးသားသုံးယောက် ၊ချောင်းအစပ်က သစ်ပင်နားမှာ ရပ်ကာ စကားတွေပြောနေကြသည်။ သို့သော် သူတို့ကို သွားမေးဖို့ဆိုတာ အငယ် မဝံ့ရဲပါ။
ဟော သေချာကြည့်လိုက်ပါမှ အနားတွင်ရပ်ထားသော လှေငယ်တစင်း။

"အင့် အမေ့ "

နောက်မှ ဝင်တိုက်သော လူကြောင့် အနဲငယ်လန့်သွားသော်လည်း မထင်မှတ်ထားသောမြင်ကွင်းကြောင့် အံ့သြမိသည်။ လည်ပင်းတွင် ကြေးကွင်းများဆင်ယင်ထားပြီး အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးငယ်လေး။ လက်ထဲမှာ ပွေ့ပိုက်ထားတာက အဖြူရောင်အနှီးထုပ်။အော် ကလေးလေးက မွေးကာစထင်ပါရဲ့။ ဝင်တိုက်ပြီး တစုံတရာ မတောင်းပန်သေးပဲ အငယ့်ကို ငေးကြည့်နေသည့် ထိုမိန်းကလေးကို တခုခုတော့
မေးလို့ရနိုင်မှာပါ။

"ဒီမှာ ဒီမှာ ဒါကဘယ်နေရာလဲဟင်"

"-------"

"ဟင် ဘာပြောတာလဲ "

တခုခုပြောနေတာမှန်သော်လည်း အငယ် သူ့စကားကို တစ်လုံးမှနားမလည်ပါ။

"ဟင် ဘာလဲ "

အငယ့်လက်ကိုဆွဲကာ တနေရာရာကို ညွှန်ပြနေသော သူမ။လှမ်းကြည့်လိုက်တော့ မည်းမည်းမှောင်နေသော ချောင်းတဖက်ကမ်း ။

"အဲ့ဒီမှာ ဘာရှိလဲဟင် "

"------------"

အို သေပါတော့လား အငယ်ရယ်။
မေးစရာ မြန်းစရာ လူတွေ့တော့လည်း ဘာမှနားမလည်။ ပအိုဝ့်စကားလား၊သျှမ်းစကားလားမသိ။ နောင်တရမိသည်။ မမကြီးတို့ ရွာမှာနေစဥ်က အနဲငယ် သင်ခဲ့ရမှာကို အပျင်းထူနေတာ။ အခုတော့ ဒုက္ခနဲ့ လှလှတွေ့ပြီ။ ဒီပုံအတိုင်းဆို အငယ်ရှိသမျှလူတွေနှင့် စကားပြောနိုင်မှာမဟုတ်။

ပဉ္စလက်မြို့တော်(Normal)Donde viven las historias. Descúbrelo ahora