အို ရင်တွေတုန်လိုက်တာ။ တဖြေးဖြေးနီးကပ်လာသောခြေသံက စိတ်ရှုပ်ထွေးစေသည်။ တံခါးပိတ်ကာ ထွက်သွားသောအမျိုးသမီးကြီးလည်းမရှိတော့
တိတ်ဆိတ်သောအခန်းမှာ ထိုလူရဲ့ သက်ပြင်းချသံက အငယ့်ကို ပိုမိုထိတ်လန့်စေသည်။ မျက်လုံးလည်း ဖွင့်မကြည့်ရဲ။"မင်းဘယ်သူလဲ"
လမ်းပျောက်ပြီးရောက်လာတဲ့ ဒုက္ခသည်ပါရှင့် လို့ စိတ်ထဲက အော်လိုက်ပေမယ့် အသံတော့ထွက်မလာ။
"မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့စံအိမ်မှာဇိမ်ယူပြီးအိပ်ချင်ယောင်ဆောင်နေတာ ရပ်တော့ "
"အို ဘယ်သူကနေချင်....ဟင်... ရှင်"
"မင်း... မင်း ဘယ်လိုလုပ်လိုက်တာလဲ"
အိုး သေလိုက်ပါတော့အငယ်ရယ်။ စိတ်မြန်လက်မြန်ရှိသော ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။ ဒီလူရဲ့ ခနဲ့တဲ့တဲ့ စကားသံအဆုံးမှာ ဒေါသနဲ့ ပြန်အော်လိုက်ပေမယ့် မမျှော်လင့်ပဲဖြစ်လာတာက အငယ့်ရဲ့ ဟန်ဆောင်မှု ပျောက်ကွယ်သွားလို့မဟုတ်။
ရုတ်တရက်အိပ်နေရာမှထလိုက်သောအငယ်၊ ဘေးနားက စားပွဲစွန်းကို လက်ထောက်လျှက် အငယ့်ကို အုပ်မိုးကြည့်နေသော ထိုလူ။ လျှင်မြန်သော တုံ့ပြန်မှုတွေကြောင့် ဖြစ်တည်လာတာက အငယ့်ရဲ့ အရှိန်မထိန်းနိုင်မှုနှင့် ထိုလူရဲ့ ငြိမ်သက်နေမှုကြားက အနမ်းတပွင့်။
စက္ကန့်ပိုင်းလောက်သာရှိသော်လည်း အငယ် အဖြစ်အပျက်အကုန် ကို သေချာမြင်တွေ့လိုက်ရသည်။ ဖြူလွန်းသော အသားအရေ၊ရှေ့သို့စိုက်ကျနေသော မျက်တောင်ရှည်တို့ ဝန်းရံအပ်သော မျက်ဝန်းတစုံ၊ ပြေပြစ်၍ အချိုးကျလှသော နှာတံနှင့် မှဲ့တစ်ပေါက်မှ မစွန်းသော အသားအရေ၊ပြီးတော့ ပြီးတော့ ပြည့်တင်းပြီး သေသပ်သော ထိုနှုတ်ခမ်း
တစုံ ကိုအရှိန်မထိန်းနိုင်စွာ....။ဘာစကားမှ မပြောနိုင်သေးပဲ အံ့သြနေသည့် ထိုလူ ကတော့ အငယ်တမင်တကာ လုပ်တယ်များ ထင်နေရော့လား။ ပါးပြင်ထက်မှာ သွေးနီရောင် လွှမ်းလာခြင်းက ချက်ချင်းသိသာစေသည်။ တဆတ်ဆတ်တုန်နေသော နှုတ်ခမ်း ကဘာစကားမှ ထွက်မလာရအောင် ရှက်နေသော ထိုလူကြောင့် မိန်းကလေးတန်မဲ့ ရှက်ဖို့ သတိမရတော့အောင် အံ့သြယူရသည်။

BẠN ĐANG ĐỌC
ပဉ္စလက်မြို့တော်(Normal)
Tiểu thuyết Lịch sử🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...