Part-2

1.5K 167 17
                                    

Unicode

"ဒီရေ!!"

"ဦးဝေ"

ဆန်းကမ္ဘာဝေ သည် သံတိုင်ကြားရောက်တာတောင် ဘယ်လောက်မှ မရှိသေး...ဒဏ်ရာတွေရနေပြီဖြစ်တဲ့ ကလေး ကို မြင်မြင်ချင်း စိတ်မကောင်ဖြစ်ရသလို ဒေါသကလည်းထောင်းခနဲ ထွက်သွားရပါ၏။ သို့သော်ငြား
စိတ်ကိုထိန်းလိုက်ပြီး.....

" ဘာမှစိတ်ပူနဲ့ ဦးဝေ ရအောင်ထုတ်ပေးမယ်"

"မေမေတို့ကို ဂရုစိုက်ပေး။ သားကိုစိတ်မပူနဲ့လို့ပြောပေး"

ဒီရေချင်း အားငယ်နေမည်စိုး၍ သူပြောလိုက်သော်ငြား ကလေးကတစ်ပြန် လူကြီးတွေကိုစိတ်ပူပေးနေသေးသည်။ ဒီကလေး ဟာ မိဘတွေအပေါ်တော့ တော်တော်ခင်တွယ် တာပင်။

"မင်းကိုမင်းပဲ စိတ်ပူစမ်းပါ"

"မေမေက နှလုံးအားနည်းနေတယ် ဦးဝေ။ မေမေ့ကို ဂရုစိုက်"

"ကျစ်!...ငါ မင်းကိုရအောင်ပြန်ထုတ်ပေးမှာ။ အပြင်ရောက်မှ မင်းဟာမင်းဂရုစိုက်"

ပြောနေရင်း သူ ဒီရေချင်း တစ်ကိုယ်လုံးကိုခြေစခေါင်းဆုံး ကြည့်မိသည်။ ပါးကညိုမဲစွဲနေပြီး ဆံပင်တွေကခပ်ဖွာဖွာ ဖြစ်နေ၏။သေချာသည်က အနိုင်ကျင့်ခံထားရပြီထင်သည်။သို့နှင့် ကိုဝေသည် အချုပ်သားကြီးတွေကို ခပ်စူးစူးဖြင့် သတိပေးသလို ကြည့်လိုက်ပြီး...

" ထောင်ထဲမှာနိဂုံးမချုပ်ချင်ရင် ငြိမ်ငြိမ်နေ"

လေသံခပ်မာမာနှင့် ဒီရေချင်းကိုပြောဟန်ဖြင့်
အချုပ်သားတွေကိုပြောလိုက်ပါ၏။ ပြီးနောက်...

"Jakato Company ပိုင်ရှင် ဖြစ်တဲ့ငါက ငါ့တူကို အချုပ်ထဲကပြန်မထုတ်ပေးနိုင်ဘူးဆိုရင်... ရာဇဝင်ရိုင်းသွားမှာပေါ့။ ငါ ပြန်မယ်!"

လက်ညိုးငေါက်ငေါက် မထိုးရုံတမယ် တင်းမာသော မျက်နှာထား ဖြင့်ပြောပြီး...သူ အပြင်သို့ ပြန်ထွက်ခဲ့လိုက်ပါသည်။ ဒီအခြေအနေမှာ သူ ဦးဥာဏ်သက်ကို
ဘယ်လိုတိုက်ကွက်မျိုး သုံးရမှာလဲ။

"မောင်လေး...အခြေအနေဘယ်လိုလဲဟင် သားလေး ဘာမှမဖြစ်ပါဘူးနော်"

Dear!Hunter Guys(Season -2)Where stories live. Discover now