Part-22

1K 131 28
                                    

Unicode

" နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ကတိအတိုင်း ပြန်ရောက်လာပြီမို့ မငိုနဲ့တော့နော်..."

"ပါးပါး"

ရှင်းသည် နာမည်သာခေါ်ပြီး ဘာမှဆက်မပြောနိုင်ပါပဲ..နှုတ်ခမ်းဖျားတို့်မသိမသာတုန်ယင်နေပါ၏။သူမရှေ့ ပါးပါးက နှင်းဆီပန်းလေးယူပြချိန် သူမသည် ဘာအဓိပ္ပါယ်လဲ ဟူသည့် မျက်ဝန်းမျိုးဖြင့် မျက်ခုံးလေးတွေပင့်တတ်ပြန်၏။ တိတြေသ သည် ရှင်း ပါးပေါ်က မျက်ရည်ကို အသာအယာ
သုတ်ပေးလိုက်ပြီး....

" အချိန်အကြာကြီးစောင့်နေစေခဲ့မိလို့ တောင်းပန်တာပါ။ လက်ခံပေးမယ်မလား....ဟင်း?...."

"အင်"

ရှင်းသည် နှုတ်ခမ်းအတွင်းသားလေးကို ကိုက်ထားမိပြီး ခေါင်းလေးတဆတ်ဆတ်
ညိမ့်လို့ ... မျက်ရည်က သုတ်ပေမယ့် မရပ်သွားပဲဆက်လက်၍ကျဆင်နေလေသည်။

"ရှင်းရဲ့ ဒယ်ဒီ  ကို ပါးပါး ပြန်ခေါ်လာခဲ့ပြီ...... အခု.....သဘောတူပေးဖို့ခွင့်တောင်းလို့ရပြီလား...။ စောင့်နေခဲ့ရတဲ့ အချိန်တွေကိုနှမြောလွန်းလို့ ထပ်ပြီး မဆွဲထားချင်တော့ဘူး... လွမ်းရတဲ့ဒဏ်ရာက ဆူးခင်းလမ်းတွေပေါ် လျှောက်လှမ်းရတဲ့ဒဏ်ရာထက်နာကျင်တယ်ဆိုတာ သိပြီးပြီမလို့.... "

တိတြေသ သည်ပြောရင်း စကားရပ်သွားပြီးမှ....ရှင်းမျက်နှာလေးကို ပြန်မော့ကြည့်လားကာ....

" ဒယ်ဒီ့ကို ပါးပါး က အများကြီ ပိုပြီး ချစ်ပေးပါ့မယ်။ အများကြီး ပိုပြီး ဂရုစိုက်ပေးပါ့မယ်။အများကြီး ပိုပြီ ကာကွယ်ပေးပါ့မယ်။ နေ့တိုင်း နေ့တိုင်း ဒယ်ဒီ့အပြုံးတွေ
လန်းဆန်းနေအောင် ပါးပါးက ကြိုးစားပေးပါမယ့်... အဲ့ဒါကြောင့် သမီးလေးက ဒယ်ဒီ  ကို ပါးပါးဆီပေးပါနော်"

ရှင်းသည် မျက်ရည်တို့ခမ်းခြောက်စပြုလာကာ...ကြည်နူးပီတိဖြစ်ရသော သွင်ပြင်သို့ပြောင်းလဲလာပါ၏။

" ပါးပါး လက်ထဲ ဒယ်ဒီ  ကိုထည့်လိုက်လို့... ဘယ်တော့မှ ရှင်းလေး နောင်တမရစေရဘူးနော်။ ရှင်းဆုံးဖြတ်ချက်က အကောင်းဆုံးဖြစ်ခဲ့တယ် ဆိုတာကို ပါးပါးက ပြပေးပါ့မယ်။
သဘောတူပေးပါနော်.... ပါးပါးက ကိုကို့ကို အရမ်းချစ်တယ်။ တစ်သက်လုံး...အသက်ရှိနေသ၍... ကိုကို့်အပေါ် ကောင်းပါ့မယ်။ ဘယ်တော့မှအနိုင်မယူဘူးလို့ ကတိပေးပါ
တယ်။ လေသံမာမာနဲ့တောင် ကိုကို့ကိုမအော်ဘူးလို့ ကတိပေးပါတယ်။ ရန်ဖြစ်ဖို့အကြောင်းဖန်လာရင်တောင်
ပါးပါးက အမြဲတမ်း အလျော့ပေးမယ်လို့် ကတိပေးပါတယ်...ပြီးတော့..."

Dear!Hunter Guys(Season -2)Where stories live. Discover now