Part- 17

998 137 24
                                    

Unicode

ဂျူးဆက်သည် စက်လှေကို ဖြုတ်၍ ရေထဲချဖို့ ကြိုးစားနေရင်းမှ ထိုအနည်းအနားတွင် မိုင်းဗုံးများ ထောင်ထား သည်ကိုတွေ့လိုက်ရသဖြင့် လန့်သွားကာ နောက်သို့ဆုတ်၍
သေချာအောင်စူးစမ်းကြည့်သည်။ ပြီးနောက် သင်္ဘောကြီးဖောက်ခွဲခံရတော့မည့်အရေးကို တွက်ချက်မိလိုက်သဖြင့် အပေါ်သို့ ပြန်ပြေးတတ်မိသည်။ ထိုအခါ ပြေးလမ်းတစ်လျှောက်တွင် အစောင့်များသည်
အံ့ဖွယ်ရာပင် အတုံးအရုံးအလဲဲလဲ အပြိုပြိုသေဆုံးနေကြသည်ကို တွေ့မြင်လိုက်ရလေသည်။

ဘာတွေလဲ...ဘာတွေဖြစ်ကုန်တာလဲ။

သူသည် သေဆုံးနေကြသောအစောင့်များ၏ ပုံဏ္ဍာန်ကို ကြည့်ပြီး ရင်းနှီးသောသတ်ဖြတ်ပုံမျိုး ဖြစ်သည်ကို ခန့်မှန်းမိသည်။ မဟုတ်မှ....ရာပြည့်နဲ့ ဂျူးယသော်...။ သူအတွေးတွေကို အဆုံးထိမသွားနိုင်ပဲ...ခြေလှမ်းတွေက်ို ပိုမြန်မိလိုက်သည်။ ကျေးဇူးပြု၍ သခင်လေး
ကလွဲရင် ဘာမှမသိတဲ့ ကျွန်တော့်ကောင်လေး...ဒဏ်ရာသေးသေးလေးတောင် မရပါစေနဲ့...။

...........

"ဒီရေ... ဒီရေ"

ကိုဝေသည် ဒီရေပြောသည့်အတိုင်း ဦးဉာဏ်သက်အား မသေမချင်း ရိုက်နှက်နေသည့် သခင်လေးအား မှင်သက်စွာ ကြည့်နေမိပြီးမှ... ပျော့ခွေသွားသော ဒီရေကိုပွေ့ထားပေးသည့် တိတြေသကို မြင်ကာ အသိပြန်ဝင်လာလျက် အနားသို့ပြေးသွားမိလိုက်သည်။

"သတိမေ့သွားတာပါ ကိုက်ို... အသက်အန္တရာယ်မစိုးရိမ်ရပါဘူး"

အနားရောက်သည့်နှင့် ဒီရေအားစိတ်ပူနေသော သူ့ကို စိတ်သက်သာရာရစေရန် တ်ိတြေသက ဆီးကြိုကာ ပြောပေးပါ၏။ ကိုဝေသည် ဒဏ်ရာတွေ ဖြင့်မေ့နေသော ဒီရေကိုကြည့်နေရင်းမှပင် တိတြေသ၏ သွေးထွက်နေသော လက်ဖမိုးဆီအကြည့်ရောက်ကာ...
တိတြေသမျက်နှာအား မော့မကြည့်ရဲအောင်ဖြစ်သွားမိရ သည်။ ဒီကောင်လေးသည် အမြဲတမ်းပင် သူ့အတွက် စဉ်းစားပေးခဲ့သည်။ သူ့အတွက် အရေးကြီးသည်
ဆိုသော လူတွေအားလုံးကို တန်ဖိုးထားပေးကာအသက်နှင့်ရင်း၍ပင် ကာကွယ်ပေးဖို့ကြိုစားနေ၏။ သို့သော်ငြား သူကတော့ အမြဲတမ်းရွေးချယ်ခဲ့မိတာ...ချစ်လွန်း၍ တန်ဖိုးထားပြီး ကာကွယ်ပေးခဲ့တဲ့
ကောင်လေးမဟုတ်ခဲ့ပါပေ။

Dear!Hunter Guys(Season -2)Where stories live. Discover now