Part-5

1.1K 164 36
                                    

Unicode

🔞

ကလေးအကျဉ်းထောင် သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေပြိုင်ပွဲများကျင်းပ ပြုလုပ်ရာဖြစ်၍ ကွင်းပြင်
ကျယ်သည်။ရှေးယခင်က ဤနေရာသည် ပွဲလာကြည့်သူများ ဖြင့် စည်းကားပါ၏။ သို့သော် ဦဉာဏ်သက် လက်ထက်
တွင်တော့ ကလေးအကျဉ်းထောင်အဖြစ် ဟန်ပြနာမည်ခံကာ ကလေးမွေးမြူရေးခြံအဖြစ်သို့ ပြောင်းလဲပြစ်လိုက်သည်။
ကလေးမွေးမြူရေးခြံဟူသည်က ကလေး
များ အားဖမ်းဆီးခေါ်ဆောင်ပြီး ဘိန်းထုတ်လုပ်ရေးအတွက်အလုပ်များ
ခိုင်းစေခြင်းဖြစ်သည်။ ထို့ပြင် အသုံးမဝင်တော့သော ကလေးများ အား မလေးရှားသို့ သင်္ဘောဖြင့် သယ်ဆောင်ကာ မှောင်ခို ရောင်းချခြင်း ဖြစ်သည်။

"မြန်မြန်လာ "

ဂျူးဆက်က အုတ်ခုံကို ခုန်ကျော်လျက် နှုတ်ခမ်းလှုပ်ရုံပြောပြီး ဂျူးယကိုလက်ယက်ကာခေါ်၏။ မှောင်ရိပ်သမ်းနေချိန်တွင် ကလေးအကျဉ်ထောင် အမည်ခံ ခြံဝန်းကြီးကတော့ တိတ်ဆိတ်ခြောက်ခြား ဖွယ်ရာရှိသည့်အပြင် ခွေးအူသံတို့ ဟိုမှသည်မှထွက်ပေါ် နေပြီး ပုဇဉ်းရင်ကွဲသံတွေလည်း
စီညံလို့နေ၏။

ဂျူးယ သည် ဂျူးဆက် နောက်သို့ ထပ်ကြပ်မခွာပြေးလိုက်ရင်း ဘေးဘီဝဲယာတွင် အစောင့်တွေရှိမရှိ အရိပ်အချေကြည့်
လိုက်သေးသည်။ ဂျူးဆက်နှင့် ဂျူးယသည် အခိုး ကျွမ်းကျင်သလို နဂိုးပေါ့ပါးသူများဖြစ်သဖြင့် အရိပ်ကလေးတွေ တရှပ်ရှပ် ပြေးလွှားနေသကဲ့သို့ရှိသည်။

"အထဲမှာ လူရှိတယ်.... "

ဂျူးဆက်သည် ထမင်းစားဆောင်ရှိ တံခါးမကြီး၏ ဘေးသို့ရောက်ချိန်တွင် နံရံ၌ ပြားနေအောင်အရင်ကပ် လိုက်ပြီး တံခါးမကြီး ကို အသံမထွက်အောင် ဟဟလေး တွန်းဖွင့်၍ အထဲသို့ ချောင်းလိုက်ပါ၏။ ထိုအခါ အစောင့်နှစ်ဦး စကားပြောနေ သည်ကိုတွေ့လိုက်ရသဖြင့် အခြေအနေ မကောင်းကြောင်း ဂျူးယကိုလက်ခါပြလိုက်သည်။

သို့နှင့် ဂျူးယသည် ခြေသံလုံအောင် ခပ်သွက်သွက်ပင် ကျောက် ခဲကြီးကြီးကို
ပြေးကောက်ကာ ဂျူးဆက်ရှိရာ နံရံဘက်သို့ပြေးကပ်လိုက်သည်။ထို့နောက် ကျောက်ခဲကို
အားဖြင့် အဝေးသ်ို့လှမ်းပစ်လိုက်လေသည်။

Dear!Hunter Guys(Season -2)Where stories live. Discover now