Part-14

1K 152 37
                                    

Unicod

ကိုဝေသည် ဇက် စနေသည်ကို ထပ်မခံလိုတော့သဖြင့် Bluetooth နားကြပ်အား နားမှဖြုတ်လိုက်ပါ၏။ သူ တိတြေသ အကြောင်းတွေ လွှတ်ခနဲပြောထွက် လိုက်မိတဲ့နေ့ကစပြီး ဒီကောင် သူ့ကိုစနေတာမပြီးတော့ပေ။
ငယ်ငယ်ကကျောင်းနေဖက်တွေပြန်တွေ့ကြချိန်......ထိုနေ့က မိုးတွေအရမ်းရွာနေခဲ့သည်။ ကျွန်တော်ကတော့ သမီးပျောက်ရှာနေပေမယ့်... သူကတော့ သမီးလိုက်ရှာ
နေတာကို ထွက်မတွေ့ပဲရှောင်ပုန်းနေခဲ့သည်တဲ့။ ကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်က ဆန်းကျယ်တဲ့သဘောမှာရှိသည်။

ကိုဝေသည် သင်္ဘောလက်တန်း ကိုမှီလျက် ရေပြင်ကိုကြည့်မိစဉ်...ကောင်းကင်ယံမှလမင်း၏အရိပ်သည်ရေပြင်၌
ထင်ဟပ်နေသည်ကိုတွေ့လိုက်ရပါ၏။
ငယ်ငယ်က ကြားခဲ့ဖူးတဲ့ပုံပြင်ထဲကလို လမင်းကြီး ရေတွင်းထဲပြုတ်ကျနေလို့ ရေပုံးနဲ့မရမက ဆင်းဆယ်ပြီး ကောင်းကင်ပေါ်
ပြန်ပို့ပေး ချင်နေတဲ့သူလို... သူဟာ တိတြေသကြောင့်ပင် ပင်လယ်ပြင်ထဲ လက်ပစ်ကူးပြီးလမင်းကြီးအား ဆယ်ယူချင်နေမိသည်။ မင်းကြောင့်ငါဟာ ခပ်တုံးတုံး လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် မင်းရဲ့ကိုယ်ပိုင်
နေရာလေးမှာ တင့်တင့်တယ်တယ် လေးရှိနေစေချင်သည်။

ချစ်တယ် ဒီစကား...လွန်ခဲ့သောအချိန်မှာ တစ်ကြိမ် တစ်ခါသာပြောပြခွင့်ရခဲ့ပေမယ့်...ပြောခွင့်ရတုန်း အကြိမ်ကြိမ်အခါခါ ပြောခဲ့ရင်ကောင်းသားလို့လဲ အချိန်တွေနောက်ပြန်ရစ်ချင်တဲ့ နောင်တတွေရှိခဲ့ဖူးသည်။ ဦးဉာဏ်သက်ရှေ့မှာ သာမက လူပုံအလယ်မှာ ပင် အရှက်ခွဲခံရသည့်တိုင် ဒီကောင်လေး ဘာလို့လုပ်လဲ နားလည်နေ
သည်မို့ မမုန်းရက်ပါပေ။ သို့သော်ငြား..
အတွေး အားရုံမှာ သမီးလေးမျက်နှာမြင်လာရတိုင်း.... သူဟာ တိတြေသဆီက
နောက်ဆုတ်ပြေးနေမိဆဲဖြစ်သည်။တကယ်တော့ ငါကလည်းအမှားနဲ့မကင်းသူပါ။

ကိုဝေသည် ညကြည့်မှန်းဘီလူးဖြင့်ကမ်းဘက်သို့တစ်ချက်ပြန်လှမ်းကြည့်လိုက်ပြီး စက်လှေတွေလာနေသည်ကို မြင်လျှင် သက်ပြင်းလေးတစ်ချက်ချမိ၏။ အဲ့ဒီ
စက်လှေပေါ် တိတြေသ ပါလာ မှာပါလားဆိုတဲ့အတွေးနဲ့ဝဲဘက်ရင်အုံမှ ခပ်နွေးနွေ လှုပ်ခါလာသည်။

Dear!Hunter Guys(Season -2)Where stories live. Discover now