Part -25

1.1K 130 41
                                    

Unicode

Warning 🔞🔞🔞🤫

" သခင်လေး.... သခင်...လေး "

ညည့်သန်းခေါင်ယံချိန်တွင် ဒီရေသည် ထိတ်လန့်ဖွယ်ရာ အိမ်မက်ကိုမက်နေလျက် ချွေးတွေစိုးရွှဲကာ... ယောင်၍နေလေသည်။

"သခင်လေး... မသွားပါနဲ့ "

သခင်လေးသွားမယ်ဆိုရင် ငါ့ကိုရော ခေါ်သွားပါ။ ငါ့အတွက် အလင်းရောင်မလိုအပ်ဘူး။ မင်းက ငါ့အလင်းရောင်ပဲမလို့..... ငါ့ကို မင်းနဲ့အတူတူခေါ်သွားပေးပါ။

ဘာတွေလဲ။ ဘာပါလိမ့် ။

"ဟင်!"

သူအိမ်မက် တွေကြားမှ လန့်နှိုးလာခဲ့သည်

"အမေ့!"

ထိုချိန် မိမိမျက်နှာ အား နီးကပ်စွာ ငုံ့ကြည့်နေသည့် ညိုဖျော့ဖျော့မျက်ဝန်းတစ်စုံနှင့် ဆုံမိသောအခါ သူသည် လန့်ဖျန့်၍ မျက်လုံးလေးတွေ ဝိုက်စက်သွားရပါ၏။

" ငါ့ကို ခေါ်နေတာရပ်တော့ နားငြီးတယ်"

"အော်!"

အေးစက်စက်စကားသံသည် အသားကျသွား ၍လားမသိ ရင်းနှီးလာသလိုခံစားရပါ၏။ ငါ သူ့ကို ဆက်တိုက်ခေါ်နေမိခဲ့တာလား။
ဟုတ်သား သင်္ဘောပေါ်မှာ... တုန်းက ...။
ဒီရေသည် အဖြစ်အပျက်တွေကို ပြန်လည်သတ်ိရကာ ဘေးဘီကို မျက်လုံးကစားကြည့်လိုက်ပါ၏။ ဟူး...တော်ပါသေးရဲ့...သူဆေးရုံရောက်နေတာပဲ။

" ဒီရေ"

"ဟင်း "

" အိပ်ချင်တယ် "

"ဟမ်?"

သူ ဘာမှမပြောရသေးခင်မှာပင် ရာပြည့်၏ ကိုယ်လေးသည် ကျဉ်မြောင်းသော သူ၏ ဘေးသို့ လွဲခ်လာပါ၏။ ပြီးနောက်
ခေါ်၍ မရတော့အောင်ပင် အိပ်ပျော်သွားပါတော့သည်။သို့သော် သူကတော့ ပြန်အိပ်၍
မရပါပဲမျက်လုံးလေး ကြောင်နေကာ.... ရာပြည့်အား ခိုးကြည့်မိသည်။ ရာပြည့်သည် လက်တွင်ပတ်တီးလေးတွေစည်းထားပြီး
မျက်နှာလေးက အနဲငယ်ချောင်ကျချင်နေသလိုရှိသည်။ သို့တိုင် နှာတံဖြောင့်စင်းခြင်းနှင့် နှုတ်ခမ်းလေးတွေရဲနေ မူကြောင့် ချောမောမူက အရှိန်မပျက်ရှိနေသေးသည်။

Dear!Hunter Guys(Season -2)Where stories live. Discover now