Part-7

1.1K 163 21
                                    

Unicode

" တောင်း တောင်း တောင်း"

မနက်ခင်း နေလုံးကြီး အပေါ်သို့မြင့်တတ်လာချိန် ပုံမှန်မြည်လာတတ်သော ခေါင်းလောင်းလေး။ ကလေးတွေဟာ ကိုယ့်ပန်းကန်ကိုယ်ကိုင်ပြီး ထမင်းစားဆောင်ဘက်သို့
ပြေးကာ တန်းစီကြလေသည်။ ဆက်သွင််ဟိန်း နှင့် ဂျူးယသော်သည် ဒီရေချင်းမထသေးသဖြင့် တံခါးက်ို သေချာ ပိတ်ခဲ့ပြီး နှစ်ယောက်အတူတူ ထမင်းယူရန် ထွက်သွားကြလေတော့သည်။

ထိုအခါ သူတို့ ထွက်သွားသည်ကို စောင့်ကြည့်နေကြသောအစောင့်များသည် တံခါးအား ဖျက်၍ပင် အထဲသို့ ဝင်လိုက်
ကြပြီး ဒီရေချင်းအား သတ်ကွင်းဆီသို့ ဆွဲခေါ်သွားကြ
ပါ၏။

"သွားစမ်း မြန်မြန်!"

နောက်ကနေ ခြေထောက်ဖြင့် ဆောင့်ကန်ခံလိုက်ရမူကြောင့် ဒီရေမှာ မျက်နှာလေးတင်းမာလျက် လက်သီးကို တင်းခနဲ
ဆုပ်မိသွား လေတော့သည်။ မနေ့ကတော့ စိမ်းသက်သည့် နေရာမို့ ကြောက်ဟန်ရှိသော်လည်း ယခုမူတော့ အသက်ရှင်ဖို့
အတွက် သူက တုံးတိုက်တိုက် ကျားကိုက်ကိုက် ပြန်ဆော်မှာပင်။

" မင်းက ဒီရေချင်းဆိုတာလား"

ထိုစဉ် မိမိရှေ့ ရောက်လာသည့် အသက်ခပ်ကြီးကြီး လူတစ်ဦး ။ ဒါ လွေမိုးအောင် အေဖပဲ။ ဒီရေသည် ဦးဥာဏ်သက်ကို ချက်ချင်း မှတ်မိကာ မျက်ခုံးလေးတွေက
နဂိုထက်နှစ်ဆလောက်ပင် ပို၍ ကြုံ့သွားတော့သည်။

"မင်း အကြည့်တွေပြင်စမ်း "

ရဲတောက်စူးရဲသောအကြည့်။ မိမိအား အထက်စီးဖြင့် လာပြောနေခြင်းကို မနှစ်မြို့သည့်ဟန်ဖြင့် ဒီရေချင်းက
ဦးဉာဏ်သက်အား ပြန် ကြည့်နေခဲ့ပါ၏။

" ဆန်းကမ္ဘာဝေ ပေါက်စ လား အဟက်။ ဒါဆို မင်းလည်း အခြောက်ပေါ့"

ဒီအဘိုကြီး က ဘာလဲ။

"ကျုပ်ခြောက်လားမခြောက်လားသိချင်ရင်... ခင်ဗျားမိန်းမ ကျုပ်ဆီလွှတ်လိုက်လေ"

အကောင်ငယ်ပေမယ့် အဆိပ်ပြင်းသည်ဆိုသည်ကဒီရေချင်းပင် ဖြစ်ပေတော့သည်။

"ဘာ ! မင်း! တောက်!"

" ဖြန်း!"

ဦးဉာဏ်သက်သည် ဆန်းကမ္ဘာဝေ ၏ တူနှင့်လည်း ခံရပြန်သဖြင့် ဒေါသထွက်ကာ အားဖြင့် လက်လွှဲရိုက် လိုက်ပါ၏။ ဒီရေသည် အစောင့်များ ချုပ်ထားခြင်း
ခံရသဖြင့် လက်တွေလှုပ်ရှားလို့ မရသည် ဖြစ်ရကာ...စကားဖြင့်သာ အနိုင်ယူဖို့ကြိုးစားတော့သည်။

Dear!Hunter Guys(Season -2)Where stories live. Discover now