Part-3

1.3K 152 16
                                    

Unicode

"သခင်လေး"

"ရာပြည့်!"

"သခင်လေး"

"ရာပြည့် "

"မင်း ဘယ်လိုဖြစ်နေတာလဲ။ သခင်လေးလို့ခေါ်"

"ခေါ်စရာလား။ ဘာအသိဉာဏ်မှမရှိတဲ့ခွေးသာသာကောင်ကို"

"ခွပ်!"

"အ!....အား"

နှစ်တွေကြာလာတာတောင် ပြောင်းလဲမသွားတာတစ်ခုရှိသေးသည်။ ထိုသည်က ဆက်
သွင််ဟိန်း တစ်ယောက် ဂျူးယသော်
နှင့်ပတ်သက်၍ ရာပြည့်ကို မကျေနပ်ခြင်းပင်။ သို့သော်ငြား ဂျူးယသော်မှာလည်း
ရာပြည့်ကလွဲပြီး ဘယ်သူ့ကိုမှ အရေးမစိုက်ခြင်းဖြစ်သည်။ ယခုလည်း ရာပြည့်ပျောက်သွား ၍ လိုက်ရှာနေရင်း ဆက်သွင််ဟိန်း က
မကောင်းပြောသဖြင့် လက်သွက်စွာပင် ထိုးပစ်လိုက်လေသည်။ သို့တိုင် ဆက်သွင််ဟိန်း တို့က မမှတ် ရာပြည့်ကိုဆို မကြည်တာက မကြည်တာပင်။

"ဟော... ဟိုမှာ အဝတ်စ"

အထိုးခံရသည့် ပါးကိုကိုင်ရင်း လမ်းမှာ ပြုတ်ကျနေသော ရာပြည့်ရဲ့မျက်လုံးကို စည်းထားပေးသည့် အစလေး ကို မြင်သည့်အခါ
ဆက်သွင််ဟိန်း က ခပ်မြန်မြန် ပြေး၍
ကောက်လိုက်ပါ၏။ ထိုအခါ ဂျူယ ကလည် သူနောက်ပြေးလိုက်လာပြီး အစလေး ကို ဆွဲယူလိုက်ပါ၏။

" ရာပြည့်က လုပ်ပြန်ပြီထင်တယ် "

သူပြောလျှင် ဂျူးယက မျက်လုံးလေးထောင့်ကပ်ကာ မပြောစေချင်သလို တစ်ချက် ကြည့်ပြီး ခြေသံဖွဖွနင်းလို့ ရာပြည့်ကိုလိုက်ရှာတော့သည်။ တခါတရံ ရာပြည့်ဟာ ဒီလိုပဲ ပျောက်သွား တတ်ပြီး.... သူတို့က အ​မြဲတစေ လိုက်ရှာနေရသည်။ မရှာလို့လည်းမဖြစ်ရပြန်....ရာပြည်က အလင်းရောင်
စူးရှနေလျှင် ဘယ်သူဘယ်ဝါမှန်းသဲကွဲစွာ မြင်ရသည်မဟုတ်။ အရိပ်မြင်တာနှင့် ဂုတ်ချိုးလည်ပင်းညစ်ကာ သတ်ပစ်တတ်
တာပင်။

..................

မလာနဲ့။ ငါ့နားမလာနဲ့။

ဒီရေချင်းသည် မျက်လုံးတွေကို ဇွတ်မှိတ်ထားပြီး မြေကြီးမှာလဲကပ်ကာ သေချင်ယောင်ဆောင်ရင်း ကြိတ်ဆုတောင်းနေရသည်။ဤရောမ အင်ပါယာကြီးက
အင်မတန်ကြောက်စရာကောင်းလှသည်။ သူ့ကို တဘုန်းဘုန်းထုရိုက်နေသော လူကြီးသုံးယောက်ပင်ပြန်ခုခံနိုင်ဖို့် စွမ်းအားမရှိ တမလွန်သို့ ကူးပြောင်း သွားကြလေပြီ။
ထို့ပြင် အားလုံး သေသွားသည်ကို
အားမရသေး ထိုလူရှည်ဖြူကောင်မှာ သူ့အနားပင် တိုးလာနေသေးသည်။ ဒီရေသည် မြေကြီးကို ကုပ်ကာ လက်သီးဆုပ်ထားပြီး
အထိတ်ထိတ်အလန့်လန့် ဖြစ်နေပါ၏။

Dear!Hunter Guys(Season -2)Where stories live. Discover now