Part-13

1K 149 65
                                    


Unicode

"မဟုတ်ဘူး...မဟုတ်ဘူး...မဖြစ်ရဘူး။
စနေတာ...နှမတော်လေး စနေတာ"

သွေးစွန်းပြီးလှဲကျနေသော ပျော့ပျောင်းနေသည့် ကိုယ်လေးကို ပွေ့ယူပြီး သူ့မျက်ဝန်းသူမယုံနိုင်အောင်ပင်ဖြစ်နေရသည်။
နှမတော်...ကိုယ်တော့်ကို မစပါနဲ့...။

အိမ်ရှေ့စံအရှင်သခင်၏ မျက်ရည်ကပေါက်ခနဲစီးကာကျသည်။ ငါကိုယ်တော်
တိုင်ပြည်ကာကွယ်ဖို့ စစ်တိုက်ထွက်
ပြီး ပြန်လာရင် ထိမ်မြားမင်္ဂလာပွဲကျင်းပမယ်လို့ နှမတော်လေး ကတိပေးထားခဲ့တာလေ။ အခုတော့...အခုတော့ ကြိုဆိုလိုက်ပုံက.... အသက်ငွေ့မရှိတော့တဲ့ရုပ်ခန္ဓာ လောင်းတဲ့လား။ သူသည် ကျောပြင်လေးတွေပင်
တသိမ့်သိမ့်တုန်လို့ ငိုရှိုက်မိ၏။ ဒီအမျိုးယုတ်
သစ္စာဖောက်ကောင်တွေ.... ငါကိုယ်တော်ရဲ့အသဲနှလုံးကိုမှသတ်ရဲကြတယ်။ မင်းတို့အားလုံးကို ငါ အရှင်မထားဘူး။

အိမ်ရှေ့စံမင်းသာသည် ချစ်လှ စွာသော
သက်ထား၏ ကိုယ်လေးကို ကြမ်းပြင်ပေါ်
ညှင်သာစွာ ပြန်လည်၍ ချလိုက်ပြီး မဟာနဖူးလေးကိုပင် မြတ်နိုးစွာ ကြာရှည်သော
အနမ်းကိုပေးလိုက်သည်။ထို့နောက် ပါးပြင်ပေါ်စီးကျနေသည့် မျက်ရည်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီး.... မိမိကိုယ်ပ်ိုင် ဓားအား လက်ဖဝါးနှစ်ဖက်ပေါ်တင်၍ မြောက်ကိုင်ကာှင်ဘုရင်၏ ပလ္လင်တော်အား ဦးမော့ကာကြည့်ပြီးနောက်...တစ်ဖန်ဦးခေါင်းညွှတ်လိုက်ကာ...

"ကျွန်တော်မျိုးသည်ကျွန်တော်မျိုး၏ သက်ထားနှမတော်အား အသက်တမျှပင်ချစ်မြတ်နိုးပါသည်။ဤသစ္စာစကားကြောင့်
ကျွန်တော်မျိုးသည် နောက်ဘဝအဆက်ဆက် သက်ထားနှမတော်၏ နှုတ်မှဖြစ်စေ....စိတ်ထဲမှဖြစ်စေ...
သေစေလိုသော သူများအား...အချိန်နှောင့်နှေးခြင်းမရှိ သုတ်သင်ရှင်းလင်းပေး နိုင်သူဖြစ်ရပါစေသား"

တောင်းဆုသည် မြင့်မြတ်လှသော ထီးနန်းပလ္လင်တော်အားသစ္စာထားခြင်းဖြစ်ပြီး မြတ်စွာဘုရားရှင်အား ဦးခိုက်ထားပါ၏။.... ထိုအချိန် ညည့်ကောင်းကင်ယံ
၌ လျှပ်စီးများ တဖြတ်ဖြတ်လင်းလက်လာလျက်...မိုးကြိုးသံများ ကောင်းကင်တစ်ခွင်ထွက်ပေါ်လာလေသည်။ ထို့ပြင် လေပြင်းများကြမ်းတမ်းစွာတိုက်ခတ်လာပြီး
သစ်ကိုင်းတို့ပင် ကျိုးကျပျက်စီးကုန်ကြပါ၏။

Dear!Hunter Guys(Season -2)Where stories live. Discover now