The Beginning

5.3K 208 36
                                    

Unicode

ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ်အတွင်းဟု ခန့်မှန်းရပါသည်။ ရောမအင်ပါယာခေါ် အနောက်အင်အားစုများ သည်အရှေ့အလယ်ပိုင်းဒေသများ ကို သိမ်းပိုက်ပြီးဂျေရုဆလင်မြို့အား အုပ်ချုပ်ခဲ့သည်။ ဂျေရုဆလင်မြို့သည် ပါလက်စတိုင်းပြည်နယ်တွင် တည်ရှိပြီး သခင်ယေရှု့ဖွားမြင်တော်မူရာ ဒေသဖြစ်၍ ခရစ်ယာန်တို့ အထွတ်အ​မြတ်ထား ရာ ဒေသ ဖြစ်သည်။ ထိုမှစ၍ ပြည်တွင်းစစ်များ
ဖြစ်ပွားခဲ့ပြီး နယ်မြေလုခြင်းများဖြစ်ပေါ်လာကာ ခရစ်ယာန် နှင့် မွတ်စလင် တို့ နှစ်ပေါင်း ၂၀၀တိုင်သည်အထိ သာသနာစစ်ပွဲ ၈ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုစစ်ပွဲ အား
ကရူးဆိတ် စစ်ပွဲများ ဟု ခေါ်ဆိုခဲ့ကြပါသည်။

ခရစ်ယာန် သာသနာပြုများသည် ဂျေရုဆလင်အား သိမ်းပိုက်အောင်နိုင်ပြီးနောက်တွင် အစုလိုက် အပြုံလိုက်
မျိုးဖြုတ်သတ်ဖြတ်မူများကို ဆက်တိုက်ပြုလုပ်ခဲ့ကြပြီး ထိုနေ့ကာလများတွင် မွတ်စလင်များမှာ ကလေးလူကြီး
ကျား မ ခွဲခြားခြင်းမရှိ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ထိုထဲတွင် ဂျူးလူမျိုးများလည်း ပါဝင်ပါသည်။

ဂျူးလူမျိုး များသည် ယေရှူ့ခရစ်အား ကားစင်သတ်ခဲ့သူများ ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် မွတ်စလင်များကဲ့သို့
သတ်မှတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ပုပ်ရဟန်း အာဘန် ၂ သည် ပထမ ကရူးဆိတ်စစ်ပွဲ ကြေငြာခဲ့သည်မှ စ ၍ ဂျူးတို့အား နှိပ်စက်ခဲ့သည့်အပြင် ခရစ်ယာန်သို့
မကူးပြောင်းသူများအား သွေးကြွေးဆပ်သည်ဟုဆိုကာ မျိုးပြုတ်သတ်ဖြတ်ခဲ့တော့သည်။ ဂျူးတို့ထံမှ ဆတ်ကြေး
တောင်းခံခဲ့သည့်အပြင် ဂျူးပိုင်ပစ္စည်းများအား အတင်းအဓမ္မလုယူဖျက်ဆီးခြင်း ၊ မီးရှို့ဖျက်ဆီးခြင်း များကိုပြုလုပ်ခဲ့သည်။ ထို့ကြောင့်ပင် ဂျူးလူမျိုး တစ်ချို့တစ်ဝက် သည် မိမိအရပ်ကို စွန့်ခွာ၍ အရှေ့ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ
ပြီး မိမိအရပ်ဒေသအားမစွန့်ခွာနိုင်သူများသည် မျိုးတုံး သတ်ဖြတ်ခြင်းကို ခံခဲ့ရပါ၏။

(ဘာသာရေးထိခိုက်လိုခြင်းမဟုတ်ရပါ။ Fiction အတွက်လိုအပ်ချက်ကိုသာကောက်နုတ် ထားခြင်းဖြစ်ပြီး ထိုကာလတွင် ဘာသာရေးအကြောင်း ပြ၍... နယ်မြေလုခြင်း၊ ပစ္စည်းဥစ္စာလုခြင်းများ ခရစ်ယာန် နှင့်မွတ်စလင်များကြားတွင်  ပြင်ထန်သော စစ်
ပွဲကြီး အမှန်တကယ် ဖြစ်ပွားခဲ့ပါသည်။
သမိုင်းကြောင်း သိချင်ရင်တော့ ကရူးဆိတ် စစ်ပွဲလို့ ရှာကြည့်လိုက်ပါ။)

Dear!Hunter Guys(Season -2)Where stories live. Discover now