Part-6

1.1K 151 21
                                    

Unicode

စိမ်းသက်စူးရှတဲ့ လူစိမ်းရနံ့တစ်ခု ကို အမှတ်မထင် ရှူသွင်းမိသည့် အခါ သူ ဘယ်လိုမှ သည်းမခံနိုင်သဖြင့် တံခါးကိုဝုန်းကနဲ ဆောင့်ကန်ပစ်လိုက် မိသည်။ နေ့ရယ် ညရယ် လို့ ထွေထူးစွာ ခွဲခြားခြင်း မရှိ အမှောင်ထုထဲ
မျက်ကန်း တစ်ယောက်လိုနေထိုင်ခဲ့သော သူ
သည် အမြင်အာရုံကလွဲ... အကြားအာရုံ၊ အနံ့ခံအာရုံက သူများတွေထက် ထူးကဲ သာလွန်လှသည်။

"အင်း....ဟင်း"

ညည်းညူသံ။ နာကျင်၍လား။ ဘာကြောင့်များလဲ။ သူ အများကြီးမစဉ်းစားတတ်သလို... စဉ်းစားခြင်းလည်း မရှိ နားတွေအူလာတာကို ရပ်တန့်ဖို့် ထွက်နေတဲ့အပေါက်ကို
ပိတ်ပစ်ဖို့ရန်သာ စိတ်ကူးလိုက်သည်။

"အင်း!!!!"

သို့သော် ပို၍ ကျယ်လာသည့်အော်သံ ။ ဆူညံသံတွေကို သူမကြိုက် သဖြင့် အပြီးအပိုင် အဆုံးသတ်ဖို့ ကြိုးစား
သော်လည်း လက်မှာလာထိသည့် စိုစွတ်သည့်အရာတွေ။

ဟင်..ဘာတွေလဲ။

သူ ရုတ်တရက် မိမိလက်အောက်က လူကို အားစိုက် ကြည့်လိုက်မိသည်။ထိုအခါ မျက်လုံးဝိုင်းတွေမှာ ရေတွေပြည့်အိုင် နေသည်ကို အမှောင်ထု ထဲတွင် သူကောင်းစွာမြင် လိုက်ရပါ၏။

" မလုပ်ပါနဲ့...လွှတ်ပေးပါ"

နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်ယင်းနေလျက် အသနားခံနေသည့်အသံက နားထဲမွာ တိုးလျလျ။ရာပြည့်သည် ဒီရေမျက်ဝန်းတွေကို သေချာမြင်ရစေရန် အနီးကပ် ငုံ့ကြည့်လိုက်မိသည်။ တကယ်ကိုပင် ဘာမှန်း
မသိရသော စိုစွတ်သည့် အရည်တွေက သူ့အား အရာရာ တုံ့ဆိုင်းသွားစေခဲ့ပါသည်။

"တောင်းပန်ပါတယ်... "

ထပ်မံ၍ ဒီရေချင်းဆီမှ တုန်ယင်လှိုင်းထနေသော အသံလေး ထွက်ပေါ်လာချ်ိန်တွင်
ရာပြည့်သည် ဒီရေ့ကိုယ်ပေါ်မှ အသာ
တကြည်ပင် ဖယ်ပေးလိုက်မိပြီး ဘေးတွင်
ငြိမ်သက်စွာ ထိုင်နေမိပါ၏။

သို့တိုင် ဒီရေကတော့ ကြောက်နေဆဲဖြစ်ကာ အသက်ပင် ကောင်းကောင်းမရှူရဲအောင်ဖြစ်နေ၏။ ဘာမှမမြင်ရသော အခြေအနေမှာ လူဖြူရှည်က ဘယ်နေရာမှာ ရှိလို့ရှိနေမှန်း
မသ်ိရသလို ဘယ်ချိန်ဒုက္ခလာပေးနိုင်လဲ ဆိုတာမသိရ သဖြင့် ကိုယ်ကိုယ် နဲနဲလေးတောင်မလှုပ်ရှားရဲအောင် ဖြစ်နေရသည်။ သို့သော် အချိန်တွေရွေ့လျား လာသည်အထိ
အပ်ကျသံလေးမှအစ ပုရွက်ဆိတ်သွားသည့်အသံပင် မကြားရလျှင် ဒီရေသည် လက်တွေမှာ အားလေးတွေစုကာ ထောက်၍ ထကြည့်လိုက်ပါ၏။

Dear!Hunter Guys(Season -2)Where stories live. Discover now