Part-11

1K 145 39
                                    

Unicode

"အခုရော ပိုင်ဆိုင်ချင်သေးလား"

ရှင်းသည် လက်သည်လေးတွေဆက်တိုက်ပင်ပွတ်တိုက်နေမိရင်း.....

"မပိုင်ဆိုင်ချင်တော့ဘူးလား"

နှုတ်ခမ်းလေးတွေပင် တုန်ယင်လာလို့...

" ပိုင်ဆိုင်ချင်သေးတယ်ဆိုရင်တောင်...ဒယ်ဒီကမရှိတော့ဘူး"

ပြောရင်းပင်မျက်ခမ်းစပ်လေးတွေနီရဲလို့လာ၏။ တိတြေသသည် ဒယ်ဒီမရှိတော့ဘူး' ဟူသည့်စကားကြောင့် နှုတ်ခမ်းလေးတွေပွင့်ဟသွားလျက် လန့်သွားကာ ရှင်းကိုဆတ်ခနဲပင်မော့ကြည့်မိသည်။ ဒယ်ဒီမရှိတော့ဘူး
ဆိုတာ ကိုကို လောကကြီးထဲမှာမရှိတော့ဘူးလို့ ပြောချင်တာတော့မဟုတ်ဘူးမလား။

"ရှင်း...ကိုကို...ကိုကိုက..."

သူ မမေးရဲစွာ စကားတွေပင်ထစ်အလို့နေလေသည်။ မဖြစ်ဘူး...ကိုကိုမရှိလို့မရဘူး။ နှလုံးသားကအခုန်မြန်လို့ တဒုတ်ဒုတ်ဖြစ်နေလျက် လက်တွေအေးစက်လာခဲ့သည်။
မနေ့ကတောင် သူ့ကိုစိန်ခေါ်သွားခဲ့သေးတာ
မလား...။

"ဒယ်ဒီ ထွက်သွားပြီ...ရှင်း ကိုထားခဲ့ပြီး ဒယ်ဒီထွက်သွားပြီ အီး....."

အောင့်အီးထားသည့်ကြားကပင် မျက်ရည်တွေဆက်တိုက် ကျလာခဲ့သည်။ တိတြေသသည် ငြိမ်ငြိမ်လေးမထိုင် နိုင်တော့သည့်အဆုံး မတ်တပ်ထရပ်မိလျက် ရှင်းဘေးသို့
ခပ်မြန်မြန့်လျှောက်သွားမိကာ....

"ဘယ်ကို ထွက်သွားတာလဲ....ကိုကိုက
ဘယ်ကိုထွက်သွားတာလဲ"

ထိုအခါ ရှင်းသည်လည်း ထရပ်လာပြီး လက်သီးဆုပ်လေးဖြင့် သူ့ရင်ဘတ်အား တဘုတ်ဘုတ်ထုရိုက်ကာ.... အာပြဲလေးဖြင့်ပင် ကလေးတစ်ယောက်လိုငိုကြွေးတော့သည်။

"အဲ့တာ ကို့ကြောင့်...ကို့ကြောင့်...ကို့ကြောင့်ပဲ....ဟင့်ဟင့်...အင့်.."

"ကိုယ့်ကြောင့်!"

တိတြေသမှာ ရှင်းထုရိုက်သမျှ ခံနေရရင်း မျက်လုံးလေးက အဝိုင်းသားဖြစ်လို့နေ၏။ ကိုကိုကဘာလို့သူ့ကြောင့်လဲ...

"ဟုတ်တယ်..ကို့ကြောင့်!...အီး"

"ရှင်း...ကိုကို သေချာပြောပါဦး"

Dear!Hunter Guys(Season -2)Where stories live. Discover now