Unicode
ကမ္ဘာကြီးသည် တာဝန်ကျေပွန်စွာ နေမင်းကြီးကို လှည့်ပတ်လို့နေ၏။ သို့ပါ၍ ညည့်နက်၍မှောင်ရိပ်သန်းခြင်း တို့ပြီးချိန် နေခြည်နွေးဓာတ်တို့ဟာ မှန်ပြတင်းမှထိုးဖောက်
လျက် အေးချမ်းစွာအိပ်ပျော်နေသော ကလေးတွေ အပေါ် ဖြာကျလို့လာသည်။ဂျူးဆက်သည် မျက်နှာပေါ်သို့ နေထိုးနေသဖြင့် မျက်မှောင်လေးတွေကြုတ်ကာ နှိုးလာခဲ့ပါ၏။ ထိုချိန် ထင်မှတ်မထားစွာ မိမိအား လူနာကုတင်ပေါ်မှ မေးလေးထောက်လျက် တစိမ့်စိမ့် ငေးကြည့်နေသော
ဂျူးယသော်ကြောင့် လူက ရုတ်တရက်ဘာမှလှုပ်၍ မရေတာ့သလို ဖြစ်သွားကာ ပြန်၍ ငေးကြည့်နေမိတော့ သည်။ ဂျူးယသော်သည် ထူးဆန်းစွာ သူငေးကြည့်နေသည့်တိုင် မရှောင်သွားပါပဲ ခေါင်းအုံးလေးပေါ်ပြန်လှဲအိပ်ရင်းပင် ရွှန်းလဲ့သော မျက်ဝန်းတို့ဖြင့်ပြန်ကာ ငေးကြည့်နေပါ၏။ ထို့ပြင် ကကြီးပုံအနားသတ်လှကာ ပန်းဆီရောင်သန်းနေသော နှုတ်ခမ်းလေးတွေ ပြုံးရောင်သမ်းနေလျက် သူ့အား ရင်ခုန် သံတွေ ဆူညံလာအောင် ညို့ယူဖမ်းစားနေသကဲ့သို့ရှိလေ
သည်။"ဂျူးယ "
"ဟင် "
"ငါ "
ဆက်ပြောဖို့ရာ ဆူညံနေတဲ့ရင်ခုန်သံတွေကြောင့် တုံ့ဆိုင်းမိရင်း လက်ညိုးလေးဖြင့် ဂျူးယ၏နှုတ်ခမ်းလေးကိုဖွဖွလေး လက်လှမ်းကာထိလိုက်မိသည်။ နမ်းခွင့်ရချင်တယ်....မင်း စိတ်ဆိုးသွားမှာကိုလည်း ကြောက်နေမိတယ်။ အဲ့ဒါအပြင် မင်းရဲ့အတွေးတွေကို ငါ့ကြောင့်ရှုပ်ရှက်ခတ်
သွားမှာလည်း စိုးရိမ်နေမိတယ်။"အ!လွှတ်... လွှတ်..ခွေးကလေး လွှတ်ဟ"
ရှည်သွယ်သွယ်လက်ချောင်းကလေးမှာ နူးအိနေသော နှုတ်ခမ်းလေးကို ကျူးကျော်ချင်နေသောကြောင့် ခွေးပေါက်လေး၏ ကိုက်ခြင်းကိုခံလိုက်ရ၏။ ပြီးလျှင် သူမဟုတ်သကဲ့သို့ပင် သွားဖွေးဖွေးလေးတွေပေါ်အောင်
ရယ်နေတော့သည်။ချစ်ဖို့ကောင်းလိုက်တာ...
ဂျူးဆက်သည် စိတ်ထဲ ဤသို့ မှတ်ချက်ပေးပြီးလျှင် တယုတယ တန်းဖိုးထားပေးချင်စိတ်တွေသာ ကြီးစိုးနေသည်မို့ နဖူးပေါ်ဝဲကျနေသော ဆံနွယ်လေးတွေပေါ် ခပ်နွေးနွေးအနမ်းတစ်ခု ခြွေချနှင်းအပ်မိပါ၏။ သို့သော်
ကလေးလေးလို ဘာမှမသိသော ဂျူးယလေးက ရုတ်တရက်မို့ မျက်လုံးလေး ဝိုင်းစက်သွားသော်ငြား.... သူ ဖြစ်နေ၍ သဘောကျသကဲ့သို့ အူးယာဖွယ်ကောင်းအောင် မျက်လုံး
လေးတွေမှိတ်ကျသည်အထိပင် ရယ်ပြနေတော့သည်။
YOU ARE READING
Dear!Hunter Guys(Season -2)