Part-4

1.2K 155 61
                                    

Unicode

"ကိုဝေ... သား ဒီရေ ရဲစခန်းမှာမရှိတော့ဘူး။
အိမ်လည်းပြန်မလာဘူး။ နင့်ဆီလာသေး
လား "

ဖုန်းထဲက စိုးရိမ်နေသည့် မမအသံကို နားထောင်နေရင်း သူ ပြန်ဖြေစရာ စကားမဲ့နေ၏။

"ကိုဝေ "

"ဟင်... အင်...မလာဘူး"

"ဒါက္ခပါပဲ.... ဘယ်မှလျှောက်သွားတတ်တာလဲမဟုတ်ပဲနဲ့... လာရင် မမကိုပြောဦး ... ငါ.. သား သူငယ်ချင်း တွေအိမ်လိုက်ရှာကြည့်ဦးမယ်"

သားပျောက်လို့ရင်ပူနေတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်။ စိတ်လှုပ်ရှား တုန်ယင်ကာ ရင်တွင်း စိုးထိတ်မူက တလှပ်လှပ်ဖြစ်နေလိမ့်မည်။ ကိုဝေသည် သမီးရှင်း ဆေးရုံကနေ ရုတ်တရက်ပျောက်သွားသော အချိန်ကို သတိရမိသွားသဖြင့် လေတိုးကာ နီရဲစပ်လာသော မျက်ဝန်းမှ မျက်ရည်ငွေ့က်ို
ပုတ်ခတ်သိမ်းဆည်းလိုက်မိပါ၏။

"လိုက်မရှာနဲ့ မမ...ငါရှာပေးမယ်။ ငါ ဒီရေကို နင့်ရှေ့ အကောင်းအတိုင်းပြန်ခေါ်လာပေးမယ်... ငါ့ကိုယုံ"

မေးကြောလေးတွေတင်းသည်အထိ အံ့ကိုကြိတ်ရင်း သူ call endကို နှိပ်ကာ ချက်ချင်းပင် Malonic ထံ ဖုန်းခေါ် လိုက်ပါ၏။

"ဒီတစ်ခေါက် သင်္ဘော ထွက်မယ့်ရက်က ဘယ်တော့လဲ"

" သောကြာနေ့ ည 10:00နာရီ"

လုပ်ဖော်ကိုင်ဖက် Malonic မှာလည်း သူလိုချင်သည့် အဖြေကို ချက်ချင်းဖြေပေးလေသည်။ ကိုဝေသည် မှန်ပြင်ကို ကျော်၍ မြင်နေရ သော ရေးကူးကန်ဘက်မျက်နှာ
မူထားရင်း ဖုန်းကိုင်ထားသည့်လက်ဟာ ပို၍တင်းသွားပါ၏။

" ဒီတစ်ခါ ကျွန်တော် ကိုယ်တိုင် လိုက်သွားမယ်"

"Mr ဆန်း ဖြစ်ပါ့မလား"

သူစကားကြောင့် Malonic က စိတ်ပူသွားဟန်ရှိလေ သည်။

"သေတာနဲ့ ရှင်တာ နှစ်ခုပဲ ရှိတာပဲလေ။ အဲ့ထဲကမှ သေရင်ရော ရှင်ရင်ရော အမြတ်ရတာမျိုးကိုပဲ ကျွန်တော်လုပ်မယ် "

တစ်ဖက်က သူ့စိတ်ကိုသိနေ၍ ထင် ဘာမှမပြောတော့ပဲ သက်ပြင်ချသံဖွဖွလေးသာ ထွက်လာပါ၏။ ကိုဝေသည် ပြောစရာရှိတာ ပြောပြီး ဖုန်းကို အနီးရှိစားပွဲခုံပေါ်
ပစ်တင်လိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို ဘောင်းဘီ အိတ်ထဲ နိုက်ကာ မျက်ခုံးလေးတွေအလယ်မှာစုကြုံ့လျက်
အပြင်ဘက်ကို ပြန်ကြည့်နေ၏။ ဒီအိမ်၊ ဒီနေရာ ၊ ဒီအဆောက်အဦး တွေရဲ့ ပိုင်ရှင်အစစ်အမှန် လေး ပြန်မလာမချင်း သူမစောင့်နိုင်တော့ဘူးထင်ရဲ့။

Dear!Hunter Guys(Season -2)Where stories live. Discover now