Part-16

1K 140 34
                                    

Unicode

"ဂျိန်း"

ရုတ်တရက် သာယာနေသော လေထုကြီးကိုဆန့်ကျင်လျက် မိုးကြိုးဟာ ကမ္ဘာမြေတစ်ခွင် ဟိန်းသွားသည်အထိပင် ကြောက်မက်ဖွယ် မြည်ဟည်းသွားလေသည်။

"ဘာဖြစ်တာလဲဟ"

"မုန်တိုင်းလား"

ပင်လယ်ပြင်သို့အစချီနေသည့် သင်္ဘောပေါ်မှ အမဲလိုက် မုဆိုးများသည် ပြေးလွှားနေရာမှ ရပ်တန့်ကုန်ကြကာကောင်းကင်ကြီးအားမော့ကြည့်မိသွားကြလေသည်။

ဒီရေသည် ဂျူးဆက်နှင့်အတူ ပြေးနေရင်းပင် အနောက်တွင် ကျန်ခဲ့လျက် လူကြီးတစ်ဦးအားဝင်တိုက်မိလေသည်။ ထိုလူကြီးသည်အလွန်ပင်အိုမင်းနေပြီဖြစ်သဖြင့်
သူ တောင်ပန်းစကားဆိုကာ ပြန်ထူပေးလိုက်စဉ်....

"မတောင်းကောင်းတဲ့ဆုတောင်းတွေကို
တောင်းခဲ့ကြတာပဲ...ကျွတ် ကျွတ် ကျွတ် "

သူ့လက်ကိုချက်ချင်းပြန်မလွှတ်ပေးပါပဲ ထိုသို့ ကြမ္မာဖက်သည့်စကားကိုလေးပင်စွာ ဆိုလျက် ခေါင်းကိုဖြည်းညှင်စွာတွင်တွင်ရမ်း၍ ထွက်သွားလေတော့သည်။ ထိုအခါ ဒီရေသည် ကြောင်တောင်တောင်လေး
ပင် ကျန်နေခဲ့ပြီး.... အဝေးရောက်သွားသော ဂျူးဆက် နောက်ပြေးလိုက်ရန်ပြင်စဉ်...
ဦးဉာဏ်သက် သည် မိမိရှေ့သို့ရောက်နှင့်နေပြီ ဖြစ်သည်ကိုတွေ့လိုက်ရပါ၏။

.................

"ကျွန်တော်မျိုးသည် ကျွန်တော်မျိုး၏ သက်ထားနှမတော်အား အသက်တမျှပင် ချစ်မြတ်နိုးပါ၏။ထို့ကြောင်........"

.....

"နာတယ်... ဒီနားက နာတယ်"

နှလုံးသားနေရာအား ညွှန်းပြရင်း တစ်လုံးချင်းနာကျင်စွာထွက်ကျလာတဲ့ ရောက်တတ်ရာရာ စကားသံ။ ထို့အတူ
အကြောင်းပြချက်မဲ့စွာ ပါးပြင်ပေါ်သို့
ကျဆင်းလာသော မျက်ရည်စတစ်ချို့ ။

"သခင်လေး... ဘာလို့နာတာလဲ။ ဘာဖြစ်လို့လဲ"

ဂျူးယသော် မေးနေပေမယ့် သူမဖြေတတ်ပါပေ။ ပါပြင်းပေါ်ကျနေသည့် အရည်တွေကဘာအရည်တွေလည်းသူမသိ။ မရယ်တတ်ခဲ့တာကြာလေပြီ။မပြုံးတတ်ခဲ့တာရော
ကြာနေပြီဖြစ်၏။ ထို့အတူ မျက်ရည်ဟူသည်ကိုပင် သူမေ့နေကာ.... ဝမ်းနည်း၍ငိုခြင်းဆိုသည်ကိုလည်း သူသတိမရတော့ပါပေ။ သို့သော်ငြား ယခုသူသည် တစ်စုံတစ်ယောက်က ကြောက်လွန်း၍ ထွက်ခဲ့ပါဟု တောင်းဆိုနေသံကြောင့် အသဲတွေပဲ့ကြွေကာ မြေခမတတ်ပင်စူးအောင့်ကာနာကျင်နေရလျက် သံကြိုးဖြင့်
ရိုက်နှက်သည် ထက်ပို၍ နာကျင်စေသည်ဟု ခံစားနေရပါ၏။

Dear!Hunter Guys(Season -2)Where stories live. Discover now