Unicode
လွန်ခဲ့သောနှစ်....
"အစ်ကို...အစ်ကို...ဆိုင်ပိတ်ချိန်ရောက်ပြီ
ခင်ဗျ"တိတြေသ တစ်ယောက် Barခုံပေါ် တွင် အရက်တွေ အလွန်အကျွံ သောက်ပြီး မှောက်နေသည်မှာ တော်တော်ကြာနေပြီဖြစ်၏။ Waiterလေး နှိုးမှပင် အိမ်မှုန်စုံမွှားပြူးတူးပြဲတဲလေးနှင့် ထလာပြီး ဒယိမ်းဒယိုင်ဖြင့် ဆိုင်ထဲက ထွက်လာလေတော့သည်။ထိုချိန် ည ကောင်းကင်ယံသည်...ကြယ်မှုံရောင်ချယ်လျက် လှပနေသောငြား သူ့အားလွမ်းစိတ်ပိုစေပါ၏။
"အား!"
မွေးကတည်းကစ၍ ယခုချိန်ထိ တစ်ယောက်တည်းဟူသော တည်ရှိမူကိုသည်းမခံနိုင်စွာ သူသည် ကောင်းကင်ကြီးကို
အပြစ်တင်လျက် အော်ဟစ် လိုက်မိပါ၏။ ဘာကြောင့်လဲ...ဘာကြောင့် သူ့ကျမှ ဒါမျိုးတွေလာဖြစ်နေရတာလဲ။ မျက်လုံးထဲ တိုက်ပေါ်ကပြုတ်ကျလာတဲ့ ရှင်း၏ ပုံရိပ်ကို
လတ်ဆတ်စွာ မြင်ယောင်နေမိတိုင်း ရင်ထဲစူးနင့်စွာ...နာကျင်သွားစေသည်။ သူ့လုပ်ရပ်... မဆင်မခြင်...ကိုကို့ကိုပိုင်ဆိုင်ဖို့ကြိုးစားမိတာက.... ကလေး တစ်ယောက်ကို အဆုံးစီရင်ဖို့အထိဖြစ်သွားစေခဲ့တာလား။ အသုံးမကျလိုက်တာ။ 'မင်းက မရင့်ကျက်သေးဘူးပဲ....'
ကိုကို ပြောခဲ့တဲ့စကား မှန်ပါ၏။ သူဟာ ခုထိ
ဘာလုပ်ရမည်ဆိုသည်ကို ကောင်းမွန်စွာ မဆုံးဖြတ်နိုင်သေးပေ။ယူကျုံးမရစွာ သူသည် ရှင်းဘေးနားငူငူငိုင်ငိုင်ဖြင့် ထိုင်နေသည့် ကိုကို့ကို အဝေးက
နေသာ ငေးကြည့်ခဲ့ပြီး တိတ်တိတ်လေး နောက်ပြန်လှည့်လို့ ထွက်ပြေးခဲ့ပါ၏။တောင်းပန်ပါတယ် ကိုကို...အရမ်းချစ်ခဲ့တာပါ........။ အခုချိန်ထိချစ်နေဆဲပါပဲ...အဝေးကြီးကိုထွက်ပြေးဖို့ကြိုးစား ခဲ့ပေမယ့် ကျွန်တော့် ခြေလှမ်းတွေက ကိုကိုရဲ့အနီးအနားမှာပဲ ရစ်ဝဲနေခဲ့မိတာပါ။ ညတွေရောက်တိုင်း ကိုက်ိုပုံပြင်ပြောပြတဲ့ အသံလေးကိုလွမ်းလွန်းလို့ ကိုကိုမကြိုက်တဲ့ ဆေးလိပ်တွေပဲ ထိုင်သောက်နေခဲ့မိပါတယ်။ ကျွန်တော့်ကို
စိတ်ပျက်သွား လား ကိုကို....။"ဟင်"
တစ်ယောက်တည်း ခြေဦးတည့်ရာ လမ်းလျှောက် လာစဉ် စားသောက်ဆိုင်တစ်ဆိုင်မှ ထွက်လာတဲ့လူနှစ်ယောက်
ကို တွေ့လိုက်ရာ.... ထိုနှစ်ယောက်မှ ယိုင်ထိုးထိုးဖြင့် မူးနေသူသည် ကိုကိုဖြစ်ကြောင်း သူတွေ့လိုက်ရသဖြင့် ကိုကိုနှင့်တွဲလာတာဘယ်သူလဲဆိုသည်ကို မျက်လုံးပြူး
လျက် သေချာကြည့်ကာ ပူးပူးကပ်ကပ်နေချင်းကို မနှစ်သက်၍.....
YOU ARE READING
Dear!Hunter Guys(Season -2)