Part-15

1K 142 43
                                    

Unicode

"ရှာတွေ့ပြီ... ရှာတွေ့ပြီ....ကျွန်တော် ရှာတွေ့ပြီ"

တိတြေသ သည် အံ့အားသင့်နေသော ကိုကို့ကို ရင်ခွင်နှင့် အနီးဆုံးသို့ထည့်၍ တင်းကျပ်စွာ ထွေးပိုက်ထားလိုက်ပါသည်။

"လွမ်းနေတာ...အရမ်းလွမ်းနေခဲ့တာ "

နှုတ်မှ တိုးဖြဖြ လွမ်းမောစရာ လေသံလေးဖြင့် တတွတ်တွတ်ပင် ရွတ်ဆိုနေရင်း တိတြေသသည် ကိုကို့ လည်တိုင်ဆီ နှာဖျားလေးပင်အပ်မိလေသလား မသိတော့ပါပေ။

ကိုဝေသည် တိတြေသ ၏ဖက်တွယ်မူကြား ရုန်း၍လည်း မရသလို ရုန်းဖို့လည်းမေ့နေသည်။ တစ်ကိုယ်လုံး အားအင်
မရှိတော့သလိုပင် လက်မှကိုင်ထားသော ဓားလည်း အောက်သို့ ဒေါက်ခနဲပြုတ်ကျသွားလေသည်။ ထို့ပြင်...မိမိကိုယ်ကိုယ် မသိလိုက်ခင်မှာပင် မျက်ဝန်းအိမ်ထဲပြည့်လျှံလာသော မျက်ရည်ဥတွေက ပါးပြင် တစ်လျှောက် တစ်လှိမ့်ချင်းလိမ့်ဆင်းသွားကြသည်။ ထိုမှပင် တိတြေသ နည်းတူးသူလည်း လွမ်းနေကြောင်း ကိုယ့်ကိုယ့်ကိုယ် သိရှိကာ မျက်ရည်တွေကို ပုတ်ခတ် သိမ်းဆည်းဖို့ ကြိုးစားလိုက်ပြီး...တိတြေသ ၏ ကိုယ်လေး ကို ဖယ်ပေးဖို့ အသာအယာ တွန်းကြည့်လိုက်သည်။

သို့သော် သူ တွန်းမှပင် ပိုခိုင်မြဲလာတဲ့
တိတြေသ လက်တွေကြောင့်... ကိုဝေသည် တိတြေသ ၏ ကျောပြင်အား
ပြန်လည်၍ ဖက်ရန်  လက်လေးတွေ
တဖြည်းဖြည်းမြောက်တတ်၍လာပါသည်။

"ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့....ကိုကို့အဝေးကိုမသွားခိုင်ပါနဲ့ "

ထိုစဉ် ရင်ထဲမှလှိုက်ဖိုနေသည့် တောင်းဆိုသံလေးကို ကြားရချိန် ကိုဝေသည် တိတြေသ ၏ ကျောပြင်ကျယ်အား တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ထားမိခြင်းသို့ရောက်ရ
လေပြီ။ ကျွန်တော်က တကယ်ပဲ တိတြေသ နဲ့တွေ့ရင် ရေထဲကလမင်းအရိပ်ကိုတောင် အစစ်လို့ ထင်မြင်တတ်တဲ့သူပါ။

"တောင်းပန်ပါတယ် ... ငါ..... တောင်းပန်ပါတယ်"

တစ်ယောက်တည်း ထားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ထွက်သွားဖို့ပြောမိတဲ့အတွက်တောင်းပန်ပါတယ်။ မုန်းအောင်
ဟန်ဆောင်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်။ ဝမ်းနည်အောင်လုပ်ခဲ့မိတဲ့အတွက်ရော....နာကျင်ရအောင် လုပ်ခဲ့မိတဲ့အတွက်ရော..... အတိုးချပြီးတောင်းပန်ပါတယ်။

Dear!Hunter Guys(Season -2)Where stories live. Discover now