Part- 24

1K 124 46
                                    

Unicode

"မအိပ်ခင် ခဏလောက် တွေ့ကြမလား"

" ဟင်....တွေ့မလား?"

ကိုဝေမှာ ဘာပြန်ပြောရမည်မသိ တွေ့လည်းတွေ့ချင်နေသည်။ တွေ့ပြီးရင်ဘာတွေပြောပြီး ဘာတွေလုပ်ရမည်မှန်းလဲမသိ။ ရင်ထဲ ကျလိကျလိဖြစ်လို့နေလေသည်။

" တွေ့ကြမယ်နော် ကိုကို၊ ကျွန်တော်အခုထွက်လာပြီ.... အိမ်ရှေ့ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်"

သ်ို့နှင့် တိတြေသ ကပင် ဆုံးဖြတ်ကာ ဖုန်းချသွားလျှင် ကိုဝေသည် Endသွားသော ဖုန်းလေးကို ပြူးတူးတူးလေးကြည့်နေပြီး မွေ့ယာပေါ် တစ်ပတ်လောက်လှိမ့်ကာ မှန်ရှေ့ပြေးတော့သည်။ပြီးလျှင်...မိမိဝတ်ထားသော
အဝတ်အစားကို ကြည့်မိသည်။ ပုံမှန်အတိုင်း ရှပ်အင်္ကျီ..နှင့် ပုဆိုကို ဝတ်ထားသော်လည်း ဒီနေ့မှ အိုဇာနေသလိုပင်။ မဖြစ်ဘူး... ဘောင်းဘီလဲရမလား။ ဒါပေမယ့်....
ငါ့ဆီမှာ ဘောင်းဘီ က ဝတ်စရာ မရှိဘူး။

သမီးလေး မွေးပြီးတည်က ပုဆိုးတွေပဲဝတ်ဖြစ်တာများသည်မို့ သူ့မှာ ဘောင်းဘီတွေကမရှိသလောက်ရှားတာပါ။အာ....ဘာဝတ်ရမလဲ။ နေပါဦး...ငါ ဒီလိုပဲ တိတြေသ ကို
တွေ့နေကျလေ။အခုမှဘာဖြစ်နေလဲ...အား....မသိတော့ဘူး။

ကိုဝေသည် မှန်ထဲ မိမိကိုယ်ကိုယ် ကြည့်ကာ ခေါင်းကုတ် မိသည်။ ကြည့်ဦး သူမျက်နှာမှာ အရေးအကြောင်းတွေတောင် ထင်ချင်နေတာလား။ မျက်ကွင်းအောက်က သွေးကြောလေးတွေကိုကြည့်ကာ စိတ်ပျက်မိသွား
ပြန်သည်။ တိတြေသ နဲ့ သွားတွေ့လို့
သူက ရုပ်ပိုရင့် နေရင်ဘယ်လိုလုပ်မလဲ။ အတွေးပေါင်းများစွာဖြင့် ဂယောက်ဂယက်ဖြစ်ကာ သူတစ်ယောက်တည်း
အိန္ဒြေ မရဖြစ်နေစဉ်... ကျေးဇူးရှင်လေး ကဖုန်းထပ်ခေါ်လာပါ၏။

"ကိုကို ကျွန်တော် ရောက်ပြီနော်"

ဟင် မြန်လိုက်တာ။

" ခဏ ခဏစောင့်နော်"

ဖုန်းကို အမြန်ချပြီး ... ခြေမကိုင်မိ လက်မကိုင်မိဖြင့် သူ ပြာယာခက်ရပြန်သည်။ ဒုက္ခပဲ အဝတ်လည်း မလဲရေသးဘူး။ သွားလည်းမတိုက်ရသေးဘူး။

ကိုဝေသည် ဆံပင်ကို Haircoatဖြင့် နဲနဲ သ'လျက် အင်္ကျီ...ကိုတော့ အဆင်ပြေမယ်ထင်ရာ တွေ့တဲ့တစ်ထည် ကိုကောက်စွပ် လိုက်ပြီး ရေးချိူးခန်းထဲဝင်၍
သွားပြေးတိုက်ရသည်။ မဖြစ် ကျွန်တော့်ကောင်လေးက အသန့်ကြိုက်လွန်းသည်။

Dear!Hunter Guys(Season -2)Where stories live. Discover now