Part-18

1K 141 38
                                    

Unicode

"ခင်ဗျား...ဘယ်သူလဲ လာလိမ်နေတာမလား"

"ဆန်းကမ္ဘာဝေ သမီးမဟုတ်ဘူးလား"

သူမယုံနိုင်စွာမေးလိုက်လျှင် တစ်ဖက်မှ ခွန့်တုံ့ပြန်မေးခွန်းက ချက်ချက်ထွက်လာသဖြင့် သူ ဒေါသ သံဆွတ်လျက်
ဖြေလိုက်ပါ၏။

"မဟုတ်ဘူး!"

"သြော်..."

ထိုအခါ တစ်ဖက်မှ အများကြီးအံ့သြသွားဟန်မရှိပါပဲ...ခေတ္တတိတ်သွားပြီးမှ....

"ဒါဆို ငါ့သမီးပဲ"

ဟု ဆိုကာ ဖုန်းချသွားလေတော့သည်။ philoသည် ရုတ်တရက် ဖုန်ကိုကြောင်၍ကိုင်ထားမိပြိီး ငါသမီးပဲ'ဆိုသည့်စကားကြောင့် စိတ်တွေအဆမတန် လှုပ်ရှား လာလျက် ဖုန်းကိုပြန်ခေါ်လိုက်သည်။ သို့သော်
ဖုန်းသည် လူကြီးမင်းနှင့်သာတိုး၍ ပိတ်သွားလေတော့သည်။

"တောက်စ်!"

ဆက်တိုက်ခေါ်ကြည့်သော်ငြား ဆက်တိုက်ထိုသို့သာ ပြောနေသဖြင့် ဖုန်းအားပစ်ပေါက်ခွဲဖို့ရန်ပင် သူရွယ်လိုက်မိသည်။

"Philo ဘာဖြစ်လို့လဲဟင်"

"ဟင်... ဟင့်အင်း ဘာမှမဖြစ်ဘူး "

ထိုစဉ် ရှင်းပြန်ရောက်လာသဖြင့် သူ ဘာမှမဖြစ်သ လိုသာဖုံးဖိထားလိုက်ပါ၏။ တကယ်ပဲ ရှင်းဒယ်ဒီဆုံးတာလား...။ ဖုန်းဆက်တဲ့လူကြီးကပဲ သူမဒယ်ဒီဖြစ်နေခဲ့တာလား...။
ဘာတွေလဲ။ Philo သည် အပြန်လမ်းတစ်လျှောက် တစ်ယောက်တည်းအတွေးများစွာဖြင့်ပင် တိတ်ဆိတ် လို့နေပါ၏။

...........

ဇက်သည် ဖုန်းအား ကဒ်ဖြုတ်ကာ လောလိုက်ပြီးမ်းခြေအား အဆက်မပြတ်ပင်စောင့်ကြည့်နေ၏။ သတင်းတွေအရဆို သင်္ဘောမြုပ်သွားတာက သေချာသည်။ ကမ္ဘာ မှားထားသည့် အတိုင်း ရှင်းကို မငိုအောင် သတင်းတွေမယုံသေးဖို့ပြောချင်သော်လည်း သမီးနှင့်မှတည့်တည့်တိုးရသေးသည်။
တကယ် အဲ့ဟာလေး ဘယ်သူနဲ့တူလို့ အဲ့လောက် ရဲတင်းနေရသည်မသိ။

...............

ပင်လယ်ကြီး ကိုယ်ဖြတ်သန်း အလယ်မှာရေနစ်သေ.....ဆိုသလိုပါပဲ...ကမ်းလည်းမမြင်ရ လမ်းလည်းမမြင်ရ...လှေဦးထိပ်ကဘယ်ဆီကိုဦးတည်ရွှေ့လျားနေသည်မသိပဲ
သူတို့သုံးယောက် ဟာ လှေပေါ်တွင် တိတ်ဆိတ်စွာ ပါလာခဲ့ကြပါ၏။ ကောင်းကင်ကြီးသည် တိမ်ကင်စင်လျက် ကြယ်တွေစုံညီကာ လှပနေပြီး လမင်းကြီးအရိပ်ကာ
ပင်လယ်ပြာပြာမှာ လာထင်းနေလေသည်။

Dear!Hunter Guys(Season -2)Where stories live. Discover now