Unicode
"ဘာ...အကိုလေး ... သင်္ဘောမြုပ်တဲ့ထဲပါသွားတယ်ဟုတ်လား?"
"ဟုတ်ကဲ့.. အလောင်းကိုတော့ရှာမတွေ့သေးဘူးပြောပါတယ်။ဒါပေမယ့် ရေထဲမှာဆိုတော့....."
ဆက်မပြောလာသည့်စကားနောက်တွင် ရှာရခက်လိမ့်မည်..သို့တည်းမဟုတ်...ရှာလို့မတွေ့နိုင်တော့ဘူးဟူ၍ ဖြစ်လိမ့် မည်။ Jakato ရဲ့ ဥက္ကဌကြီး သည် အားအင်မရှိတော့သလို
ဖြစ်ကာ ယိုင်လဲချင်သလိုဖြစ်သွားသဖြင့် စားပွဲခုံကို လက်ထောက်ပြီး စိတ်ကိုအရင်ထိန်းလိုက်လေသည်။" ရှာ....အခုချက်ချင်းရှာ.... ရေငုတ်သမားတွေခေါ်...မဖြစ်ဖြစ်တဲ့နည်းနဲ့ ...အလောင်းဖြစ်ဖြစ်...အစအနသေးသေး လေးပဲဖြစ်ဖြစ်ရအောင် ရှာလာခဲ့"
ထို့နောက် အင်အားတွေပြန်စုကာ လက်သီးကိုဆုပ်လိုက်ပြီး...အံကိုကြိတ်၍ နာကျင်စွာ အမိန့်ပေးလိုက်လေတော့သည်။
................
လွန်ခဲ့သော အချိန်ကာလအပိုင်းအခြား....
"ငါ ပေါက်ကွဲအားပြင်းတဲ့ဗုံး လိုချင်တယ်
နေရဲမာန်... "မိုးပြေးလေးတွေရွာနေတာက်ို ထိုင်ကြည့်နေသည့် ဇက် အား ဆန်းကမ္ဘာဝေ က ပြောလိုက်ပါ၏။ ထိုအခါ ဇက်သည် ကိုဝေအား မျက်လုံးထောင့်ကပ်ကာ ကြည့်လာပြီး ကော်ဖီခွက်အား စားပွဲပေါ် တင်လိုက်ပါသည်။
"ဘာလုပ်မှာလဲ "
"စောသခင် ရဲ့ ဥက္ကဌဟောင်း က သင်္ဘောမြုပ်ပြီး ဆုံးသွားတာတဲ့"
"အဲတော့ ..."
" ငါလည်း တစ်စီးလောက် မြုပ်အောင်လုပ်ကြည့်ချင်လို့...ဘာလက်စလက်နမှမကျန်ပဲ... အားလုံးပျောက်ကွယ် သွားတာကို... သဘောကျတယ် "
သူ့အားမကြည့်ပဲ မိုးရေတွေကိုသာ ကြည့်ပြီလေသံအေးအေး ဖြင့်ဖြေတဲ့ ဆန်ကမ္ဘာဝေသည်.... ဒါတွေအားလုံးပြီးသွားရင်
ဆိုတဲ့... နောက်ကွယ်အတွက် ဒဏ်ရာတွေဆီက လွှတ်မြောက်ချင်နေဟန်ရှိသည်။ ဇက် သည် သက်ပြင်းကို ချပြီး ကော်ဖီခွက်ကိုပြန်ကိုင်ကာသောက်လိုက်ပါ၏။ သူ့ဆုံးဖြတ်ချက်ကတော့... ဆန်းကမ္ဘာဝေ ဖြစ်ချင်တာကို ကူညီပေးရုံအပြင် တစ်ခြား လုပ်စရာထွေးထွေးထူးထူး မရှိပါပေ။
YOU ARE READING
Dear!Hunter Guys(Season -2)