Chapter (1)

6.3K 221 10
                                    


Reason
_________

ရှေ့မှာမြင်နေရသည်က သက်လက်ပိုင်းအရွယ် ယောကျာ်းတစ်ယောက် ။ သူ့အားလှိုက်လှိုက်လဲလဲ ပြုံးပြနေပုံက မျက်လုံးများ မှိတ်မတတ်ပင် ။ ပြီးနောက် မျက်ဝန်းအစုံကို ပြူးလိုက် ကျယ်လိုက်နဲ့ ပြောင်ပြနေသေးသည်..။

တဖြေးဖြေး အနားသို့တိုးလာပြီး ထိုသူ့နှုတ်ခမ်းပါးပါးလေးက ရုတ်တရတ်
မိမိနှုတ်ခမ်းနဲ့ တစ်သားတည်း ပေါင်းစပ်
သွားတာမို့..

"အား..!"

ကြောက်လန့်တကြား အော်ဟစ်သစ်သံနှင့်
အတူ လူက ကုတင်ပေါ် ငုတ်တုတ်..။

နားထဲ တီးတိုးပြောဆိုသံများက အစီအစဥ်မကျဘဲ နားစည်ကို လာရောက် ရိုက်ခတ်
သည်..။ ပိုးသတ်ဆေးနံ့က နှာခေါင်းထဲ
စူးရှစွာပင် ဝင်လာတာမို့ လူကမူးနောက်
နောက်ပင်ဖြစ်လာသည်...။

ဒါနဲ့ ငါ့ကမ္ဘာကြီးက ဘာလို့ဒီလောက်
မှောင်နေရတာလဲ?
မီးပြတ်နေတာလား?
ဒါမှမဟုတ် ငါ့ရဲ့___

"ရိပေါ်..."

သူ စဥ်းစား၍မဆုံးသေးခင်မှာ ပါးးရဲ့အော်သံက ဟိန်းခနဲထွက်လာတာမို့ ခေါင်းက အသံကြားရာဆီသို့ လှည့်ကြည့်မိသည်..။သို့သော် ပါး ကိုမတွေ့ရဘဲ အမှောင်ထုကြီးကသာ ဆီးကြိုနေတာမို့ မျက်နှာကို လက်နှင့်စမ်းကြည့်ရန် ပြင်လိုက်သည်..။

"မထိနဲ့ ရိပေါ်..."

အပြောတင်မက တားဆီးလာသည့် လက်တွေကပါ မြန်ဆန်လွန်းလှတယ်..။သူ့လက်နှစ်ဖက်ကို ဖမ်းချုပ်ထားလိုက်ပြီး အမိန့်ပေးသံ ခပ်ကျယ်ကျယ်ကိုလဲ ရိပေါ်ကြားလိုက်ရသေးသည်။

"ဆရာဝန် အမြန်သွားခေါ်စမ်း ရိပေါ် သတိရလာပြီ..."

ဆရာဝန်....
သတိရတယ်...
ဒါဆို...ငါက...

ခေါင်းထဲ အချက်ပေးသံ တစ်ဒိန်းဒိန်း
မြည်လာကာ ကျန်ရစ်ခဲ့သော Memory
အချို့က သူ့အတွေးထဲသို့ အလုအယက်
တိုးဝင်လာတာမို့ လူတောင် နောက်ကိုယိုင်
ကျလုမတတ် ဖြစ်သွားရတယ်..။ ပါး က
ထိန်းကိုင် ပေးရင်း...

"ဘာ့မှမတွေးနဲ့.."

မတွေးနဲ့ဆိုပေမယ့် ကုန်တင်ကားကြီးနဲ့..ကားတစ်စီး တိုက်သည့် မြင်ကွင်းက သူ့ဦးနှောက်ထဲ ကွက်ကွက်ကွင်းကွင်းပင် ပေါ်လာသည်..။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now