Chapter (10)

1.4K 106 0
                                    

Reason
________

"ဝမ် ရိ ပေါ် "

"ဟမ်....ဗျာ..."

သေဟ !
ည 1 နာရီထိုးပြီလေ ဒီအချိန်ထိ ပါး မအိပ်သေးဘူးဆိုတော့ အခြေအနေ သိပ်မကောင်းဘူး၊ ရာသီဥတုက ကိုယ့်ဘက်မရှိတာမို့ အတတ်နိုင်ဆုံးမျက်နှာကို ငယ်ချလိုက်ပြီး Sofa ရှေ့ခပ်ယို့ယို့ ရပ်လိုက်သည်။ ထို့နောက် လေသံတုန်တုန်နှင့်...

"ပါးးက မအိပ်သေးဘူးလား?လူကြီးတွေက စောစောအိပ်သင့်တယ်လေ..ကျန်းမာရေးထိခိုက်ရင်...ဘယ်လိုလုပ်...လုပ်..."

"ပါးစပ်ပိတ်ထား..."

ဆုံးအောင်ပြောခွင့် မရလိုက်သော ဝါကျတစ်ကြောင်းနှင့်အတူ ရိပေါ့်ရုပ်က မှင်သေသေ..။

ပါးရှေ့မှာဆိုကိုယ်က ခုလိုစတိုင်ပဲလေ၊ အဟက်...ဘယ်လိုလဲ ပါးး..ကျွန်တော့်ရဲ့ အကယ်ဒမီရှော့စ်တွေကို ကြွေနေပြီမလား?

သို့ပေမယ့် လက်တွေ့တွင်တော့ မျက်နှာငယ်လေးနှင့် ခေါင်းငုံ့နေရသည်..။

"မင်း..ဘယ်က ပြန်လာတာလဲ ဘယ်အချိန်ထိ မိုက်လုံးကြီးနေမှာလဲ ငါ့ကိုပြော မင်းကွာ..သူများ မျက်ကြည်လွှာကိုမှ အားမနာ၊ လှူသူစိတ်ချမ်းသာအောင် တန်ဖိုးရှိတာလေးတွေ လုပ်ပါလား"

ငုံ့နေသော ခေါင်းက Auto ပင်မတ်လာကာ..မျက်လုံးအစုံက မီးဝင်းဝင်းတောက်သည်။ ထို့နောက် တစ်ဟက်ဟက်ရယ်မောလိုက်ရင်း..

" သူများမျက်ကြည်လွှာ ဟုတ်လား?တန်ဖိုးရှိတယ့်အလုပ် တဲ့ ဟက်..ဟက်..ပါး..ပြောပုံအရဆို ကျွန်တော်က..သူများမျက်ကြည်လွှာတွေ ယူပြီး တန်ဖိုးမရှိတာတွေ လုပ်နေတယ်ပေါ့"

ဝမ်ကျောက်...သားဖြစ်သူကိုခပ်စူးစူးတစ်ချက်ကြည့်ကာ ဘာစကားမှမဆိုမိ..၊ မိတဆိုးမို့ အလိုလိုက်ထားတယ်၊ ဆိုးလိုက်တာလွန်ရော ၊ ဆေးသုံးပြီး ကားမောင်းလို့..မျက်လုံးနှစ်လုံးကန်းပြီးပြီ။ မသေတာကံကောင်း..ကိုယ်ဘယ်လောက် စိတ်ပူခဲ့ရလဲ?ဟူး......

ကန်းနေတုန်းကတော့ ပေးလိုက်တယ့်ကတိတွေက ထပ်တလဲလဲ.. ၊ လိမ္မာပါတော့မယ်..ပါးးလုပ်ငန်းတွေကို ဝိုင်းကူပါတော့မယ်တဲ့..။ တကယ်တမ်း ဖြစ်နေတာက ခုမြင်တယ့် အတိုင်းပဲ..။

"REASON..." [[ COMPLETED ]]✔Hikayelerin yaşadığı yer. Şimdi keşfedin