Chapter (20)

1.5K 100 1
                                    

Reason
_________

"မင်းကို ငါမကူညီနိုင်တော့ဘူး"

သူ့စကားသံအဆုံးမှာ မင်းယွဲ့က ခေါင်းငိုက်စိုက်ကျလျက်ရှိပြီး ကျင်းလန်က နားလည်တယ်ဆိုတယ့် သဘောနှင့် ဘာ့မှထပ်မပြော။

အရှေ့မှ Cola ပုလင်းကိုတစ်ဂွပ်ဂွပ် မော့သောက်ရင်း စကားတွေကို ရှေ့ဆက်လိုက်သည်..။နားထောင်တာ မထောင်တာသူတို့အပိုင်း၊ ကိုယ်ကပြောစရာရှိတာ ပြောရမှာပဲ။

" ရှောင်းကျန့်နဲ့ ဖန်ရှင်းကိုခွဲပေးဖို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် မင်းတို့သိတယ့် အတိုင်းပဲ ကျန်းဖန်ရှင်းက မလွယ်တယ့်အမျိုးကွ၊ ငါ့အဖေဆီကိုလဲ ပြသာနာ သွားရှာသေးတယ်၊ အဲ့ဒါက ထားတော့ ခုက ပိုဆိုးလာပြီ၊ ရှောင်းကျန့်က ငါ့ကိုချစ်တယ်တဲ့.."

"ဟမ်..."

မင်းယွဲ့က ပြူးတူးပြဲတဲ ထအော်ပေမယ့် ကျင်းလန်ကတော့ ထိုနေ့က အဖြစ်အပျက်ကိုသိနေတာမို့ ထွေထွေထူးထူး အံဩမနေတော့။ ရိပေါ်က သက်ပြင်းဖွဖွချကာ..

"အရှုံးပေးတာ ငါ့စတိုင် မဟုတ်ပေမယ့်သူတို့နဲ့ ဆက်ပြီး မပတ်သတ်ချင်တော့ဘူး၊ ဘာလို့လဲ ဆိုတော့ငါ့အဖေနဲ့ သူ့အဖေက ပတ်သတ်နေတယ်၊ ငါဘာလုပ်လုပ် ငါ့အဖေနားထဲပြန်ရောက်နေမှာပဲ.."

ရိပေါ်က ထိုသို့အချက်ကျကျ ရှင်းပြတော့
မင်းယွဲ့ကလက်ခံသည်..။ ကျင်းလန် ကတော့ အချစ်ဆရာကြီးပီပီ အကြံပေးလိုက်ပုံက ဤသို့...

"ကျန်းဖန်ရှင်းကို ပြန်ပေးဆွဲ ပြီးရင် သူ့ဘဝကို အပိုင်သိမ်းလိုက်"

နားထောင်နေတယ့် ရိပေါ်နဲ့မင်းယွဲ့မှာ နားတွေကားပြီး မျက်လုံးတွေပါ ပြူးကုန်သည်။ကျင်းလန်က အားတတ်သရောနှင့်..

"နောက်ပြီး မင်းတို့Sexလုပ်တာကို Videoရိုက်ထားလိုက်၊ အဲ့ဒါနဲ့အကြပ်ကိုင်ရင်ပွဲသိမ်းပြီ"

ရိပေါ် က ကျင်းလန်စကားများကို သဘောမကျသော်လည်း မင်းယွဲ့ကတော့ တတ်ကြွစွာနှင့်

"အေး...မင်းအကြံမဆိုးဘူး ငါအကောင်အထည် ဖော်လိုက်မယ်"

ကျင်းလန်က ထောက်ခံကာ ဟေးဟေးဟားဟားနဲ့ Colaပုလင်းများကို ဂွပ်ခနဲတိုက်ရင်း Cheerလို့အော်ဟစ်နေကြသည်။ ကျွန်တော်ကတော့ လက်ကာပြရင်း....

"REASON..." [[ COMPLETED ]]✔Where stories live. Discover now