Chapter ( 25)

1.5K 98 2
                                    

Reason
_________

"Jade...ခင်ဗျားဘာတွေ လုပ်နေတာလဲ?
တစ်ပတ်တောင် ရှိနေပြီနော်၊ ဘာလှုပ်ရှားမှုမှလဲ မတွေ့ရပါလား"

လူကောင်နဲ့မှမလိုက်၊ ထွက်လာတယ့် စကားသံတွေက ကတ်ကတ်လန်နေတာမို့ Phoneကိုနားနဲ့ အနည်းငယ်ခွာလိုက်ပြီးမှ..

"မင်းကအရမ်း စိတ်ဆတ်နေပါလား?
ဒါကြောင့် မင်းယွဲ့ကလည်း မင်းကိုဆိုအသည်းစွဲ ဖြစ်နေတာ"

"ကျွတ်..မင်းယွဲ့ဟုတ်လား စိတ်ပျက်စရာကောင်းတယ့် ကောင်ကြီးပါ ဒါနဲ့ကျွန်တော်အကြောင်းတွေကို စုံစမ်းထားတယ် ဆိုတယ့်သဘောလား?"

ဖန်ရှင်းရဲ့အလောတကြီး မေးမြန်းသံအဆုံးမှာ Jadeက ညှင်းသွဲ့သွဲ့ရယ်ရင်း...

" စုံစမ်းတယ်လို့တော့ မဟုတ်ပါဘူး၊ ကိုယ့်ပါတနာအကြောင်း သိထားသင့်တယ် ထင်လို့ပါ၊ မင်းအကြောင်းမှ မဟုတ်ဘူး ရှောင်းကျန့်အကြောင်းလဲ ပါတာပေါ့.."

နားထောင်နေရင်း ဖန်ရှင်းကျောက မတ်ခနဲဖြစ်သည်။ ဘာလို့ ကိုကို့အကြောင်းက ပါလာပြန်တာလဲ?

"Jade ခင်ဗျားလိုချင်တာ ဝမ်ရိပေါ်ကိုနော်၊ ကျွန်တော့်ကိုကို ကို ထိဖို့တောင် မကြိုးစားနဲ့"

ကျွဲမြှီးတိုသွားတယ့် အသံကို နားထောင်းရင်း နောက်တစ်ကြိမ် ရယ်မောလိုက်မိသည်။ ပြီးမှ...

"စိတ်ချပါ Baby Xing ရာ မင်းလဲ မင်းအလုပ်ဆက်လုပ် ငါလဲ ငါ့အလုပ် ငါလုပ်မယ်"

"ကျွန်တော်ကို Baby Xingလို့ မခေါ်ဖို့ဘယ်နှစ်ခါ ပြောရမလဲ?"

"အင်း မခေါ်နဲ့ဆိုမှ ပိုခေါ်ချင်နေတယ်
ဘယ်လိုလုပ်ရမလဲ Baby Xingရယ် အဟက်ဟက်.."

တစ်ဖက်ဖက်က ကြိတ်မနိုင်ခဲမရနဲ့ မြည်တွန်းတောက်တီးကာ ဖုန်းချသွားပြီ ဖြစ်သည်။ သို့ပေမယ့် ကပြားလေးJadeမှာတော့ ဘာကိုသဘောကျမှန်းမသိ တဟက်ဟက် ရယ်မောနေဆဲပင်။

"ကျန်း ဖန် ရှင်း မင်းလဲမဆိုးပါဘူး အဟက်...ဒါပေမယ့် ရိပေါ်နဲ့တော့ ကွာတာပေါ့"




*********

"Jade..."

ပါးစပ်ကလဲ တီးတိုးရေရွတ်ရင်း လုဝေ ပို့လိုက်တယ့် အချက်အလက်များကိုသာ နောက်တစ်ကြိမ် ပြန်ဖတ်နေမိသည်။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now