Reason
_________"ခြေထောက်က ဒဏ်ရာတောင် မပျောက်သေးတာ..ဘယ်သွားမလို့လဲ?"
ရိပေါ်က ခေါင်းကိုတစ်ဗျင်းဗျင်း ကုပ်ကာဧည့်ခံထဲမှာ မိန့်မိန့်ကြီး ထိုင်နေသော ပါးးကိုဟီးခနဲရယ်ပြရင်း...
"အိမ်ထဲနေရတာ..နှစ်ရက်တောင် ရှိနေပြီဗျာ၊
မုန့်လေးတော့ ထွက်စားပါရစေဦး၊ နောက်ပြီးခြေထောက်ကလဲ သိပ်မနာတော့ပါဘူး.."ဝမ်ပါးပါး သက်ပြင်းသာချရင်း မိမိသားကိုအစုန်အဆန် ကြည့်လိုက်သည်။ ထို့နောက် အကြိမ်ကြိမ်အခါခါ စဥ်းစားပြီးမှ...
"သား နဲ့ ရှောင်းကျန့် ဘယ်လိုပတ်သတ်နေလဲ?"
ထိုမေးခွန်းအဆုံးမှာ ရိပေါ့်တစ်ကိုယ်လုံး တောင့်တင်းသွားကာ...မျက်နှာကလဲရုတ်ချည် မဲ့ကျသွားပြီး
"ကြည့်ရတာ ကျန်းဖန်ရှင်း ဂြိုဟ်မွှေပြီထင်တယ်"
ဝမ်ပါးပါး က ဖြေးညှင်စွာ ခေါင်းယမ်းရင်းSofaမှာ ဝင်ထိုင်ဖို့ ရိပေါ့်အား မျက်ရိပ် ပြလိုက်သည်..။ကလေးချင်း မည်သို့အကြောင်းတရားတွေ ရှိလည်းမသိပေမယ့် ကျန်းဝမ်ရင်နဲ့ ကိုယ်က ငယ်သူငယ်ချင်းတွေဆိုတော့..ဟူးး။
ပါး မျက်နှာချင်းဆိုင်က Sofaမှာဝင်ထိုင်လိုက်သော်လည်း ဘာစကားမှမဆိုမိ၊ ဒီအချိန်မှာ ဘေဘီဖန်ရှင်းကို အမှုန့်ကျိတ်ပစ်ချင်စိတ်သာ ကြီးစိုးနေတော့သည်..။
"သား...ပါး မေးတာဖြေလေ ၊ရှောင်းကျန့်နဲ့ ဘယ်လိုညပတ်သတ်နေလဲလို့"
ရိပေါ်က ကျားသစ်တစ်ကောင်လို အားနဲ့ မာန်နဲ့ ထအော်လိုက်ပုံက..
"ကျွန်တော်နဲ့ ဘာ့မှမဆိုင်ဘူး၊ ပါး က အဲ့ဒီကျန်းဖန်ရှင်း စကားကို ယုံမှာလား?ကျွန်တော့်စကားကို ယုံမှာလား?ဟာကွာ..အဲ့ကောင်ကိုတော့ တစ်ခုခု လုပ်မိတော့မယ် တောက်.."
ဒီလောက် ဒေါသထွက်နေပုံ ထောက်ရင် ရိပေါ်အမှန်တွေပြောမှန်း ဝမ်ပါးပါး သိလိုက်ပြီ..။ဒါဆို ဟိုကလေးက ငိုကြီးချက်မနဲ့ မိမိရုံးခန်းထိလာပြီတော့..ပြောသွားတာက။
ရိပေါ်နဲ့ရှောင်းကျန့်ကဘဲ ကြိုက်နေသလို၊
မဟုတ်သေးဘူး ရိပေါ်ကဘဲ ရှောင်းကျန့်ကို ဖြတ်ခုတ်သလိုမျိုး ပြောသွားတာ..။
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]