Chapter (22)

1.5K 107 2
                                    

Reason
_________

"ကျွန်တော် Baby နဲ့လက်မ..."

"ခွမ်း..ဂလွမ်း"

စားပွဲပေါ်က အလှပန်းအိုးလေးက ဖန်ရှင်းလက်ချက်ကြောင့် အခန်းထောင့်မှာ ကွဲဲကြေနေလျက်။ နားထဲအထပ်ထပ် ကြားယောင်နေသော ကိုကိုစကားသံများက ရင်ကိုမီးမြှိုက်နေသလိုပင်..။

သီသီလေးဘဲ လိုတော့တာ ကိုကို က ကျွန်တော့်ကို ငြင်းမလို့ သီသီလေးဘဲ လိုတော့တာ၊ အဲ့လိုမဖြစ်ရဘူးလေ..အဲ့လိုဖြစ်လို့မရဘူး။

"အား..."

"ခွမ်း..ဝုန်း..ဒုန်း.."

ပွစာကြဲနေတယ့် အပျက်အစီးများ ကြားမှာ ဖန်ရှင်းတစ်ကိုယ်တည်း ထိုင်နေမိသည်..။ မျက်လုံးအစုံက မငြိမ်မသက် ဖြစ်နေပြီး တရှူးရှူး ဒေါသထွက်နေပုံက သွေးဆာနေသော ဝံပုလွေပေါက်လေးလိုပင်...

"ဝမ်ရိပေါ် မင်းကို ကိုကို့နားက ပျောက်ကွယ်သွားအောင် ငါဘာလုပ်ရမလဲ"

ခပ်ကြိတ်ကြိတ် စကားသံအဆုံးမှာ အတွေးထဲဝင်လာတယ့် လူတစ်ယောက်ကြောင့် မျက်လုံးများက အရောင်လက်လာသည်။

"Jade....အဟင်းဟင်း မင်းက ငါ့ကိုကူညီနိုင်လောက်တယ် အဟက်"

**********

"ဂျစ်တူး ကျောင်းမလာဘူးလား?"

အမေးစကားအဆုံးမှာ ဆိုင်ကယ်မှီရင်းစကား​ပြောနေသော ကောင်လေးနှစ်ယောက်က သူ့အား လှည့်ကြည့်လာသည်။

ကိုယ်က အကြီးပီပီ ပြုံးပြနှုတ်ဆတ်နေသော်လည်း ထိုနှစ်ကောင်ကတော့ မျက်ခုံးများ တွန့်ချိုးစွာနဲ့ ကြည့်လာပြီး...

"ဪ ရှောင်းကျန့်...ပါလား?"

"သူ့ Baby ကို လာကြိုတာ နေမှာပေါ့"

အပြောတွေက ဘုဘောက်ကျ နေသော်လည်း အပြုံးတစ်ပွင့်နှင့် ခေါင်းညိမ့်ပြလိုက်ရင်း...

"ဟုတ်တယ်..ညီတို့ အစ်ကိုက Baby ကိုလာကြိုတာ"

မင်းယွဲ့က ကျန်းဖန်ရှင်းကြောင့် ရှောင်းကျန့်ကို အမြင်မကြည်သလို ကျင်းလန်ကလဲ ကိုယ့်သူငယ်ချင်းကို ဘောလီဘော ပုတ်နေသော ထိုဘဲကြီးကို သိပ်မကြည်လှ..။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now