Chapter (6)

1.4K 125 2
                                    

Reason
_________

ပါးတစ်ဖက်တွင် ပလာစတာတစ်ခု ၊နားထင်မှာ ပြတ်ရှရာ နှစ်ချက်နှင့် မေးရိုးနားက စိတ်ပျက်ဖွယ် အခြစ်ရာကြီးကြောင့် ရိပေါ်သက်ပြင်းကို ဟင်းခနဲချကာ မှန်ကို မှောက်ချပစ်လိုက်သည် ။

"ချီးလိုပဲ ဒီပုံစံနဲ့ အပြင်ကို ဘယ်လိုသွားရ
မှာလဲ? "

စိတ်ညစ်ညစ်နဲ့ အိပ်ယာပေါ် ဝုန်းခနဲပစ်လှဲလိုက်ကာ မျက်လုံးအစုံကို မှိတ်ထားလိုက်တော့ မဖိတ်ခေါ်ဘဲ ဝင်လာတတ်သော ထိုလူ့ပုံရိပ် ။

အခုလည်း မျက်လုံး မှိတ်မတတ်ပြုံးရယ်နေကာ ပါးစပ်ထဲ ခေါက်ဆွဲမျှင်တွေ အတင်းထိုးသွပ်နေသော ရှောင်းကျန့်ဆိုသောသူ ။ ထို့နောက် လက်မတစ်ချောင်း ထောင်ပြကာ
တစ်ခုခု ပြောလိုက်သည်..။ဟုတ်တယ် သူပြောတာက ခေါက်ဆွဲက အရမ်းစားကောင်းတယ်တဲ့..။

ဝမ်ရိပေါ်ဆိုတယ့် ကျွန်တော်က ထိုလူဘာပြောသလဲ ဆိုတာကို ပါးစပ်လှုပ်တာနဲ့ ဘာသာ ပြန်တတ်နေပြီ..။ မျက်လုံး မှိတ်လိုက်တိုင်း ပေါ်လာတယ့် သူ့ပုံရိပ်တွေကြောင့်ဘအိပ်ရမှာကို ကြောက်လာပြီ..။

Bae ဆိုတယ့် မိန်းကလေးက ရှောင်းကျန့်ဆိုတယ့်သူကို တော်တော်ချစ်ခ့ဲတာပဲ ။ရိပေါ် အိပ်ယာထက် ငေါက်ခနဲထထိုင်လိုက်ကာ ခုနက မှောက်ထားသော မှန်ကြီးကို လှမ်းယူလိုက်ပြီး မိမိမျက်နှာကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိသည်..။ ဒဏ်ရာကို ကြည့်ခြင်းမဟုတ် ရွှန်းလဲ့လဲ့ Brown ရောင် မျက်ဝန်လေးတွေကိုသာ အတော်ကြာ စိုက်ကြည့်မိခြင်း ။

"ခင်ဗျား မျက်ကြည်လွှာတွေကြောင့်
ကျွန်​ေတာ်လည်း ရူးရတော့မယ် ဘာလို့ သူ့ပုံရိပ်တွေပဲ မြင်နေရတာလဲ ကျွန်​ေတာ်ကခင်ဗျားမှမဟုတ်တာ သူ့ကိုမတွေ့ချင်ဘူးလေ "

ရိပေါ် မှန်ထဲမှ မိမိပုံရိပ်ကို ကြည့်ကာ ထိုစကားတွေကိုသာ ထပ်တလဲလဲ​ ပြောနေမိသည် ။ အမြင်အာရုံတွေ ပြန်ရခ့ဲပေမယ့်
ရှောင်းကျန့်ဆိုသော လူကိုတွေ့နေရခြင်းက
ကြီးမားသော အနှောင့်အယှက်ပင် ။

****

"Bae "

"....."

"REASON..." [[ COMPLETED ]]✔Where stories live. Discover now