Reason
_________"ဟေ့..ဟေ့ ထတော့ ခုလိုမျိုး ဆက်လုပ်နေရင် ဒီနှစ်လည်း စာမေးပွဲ ထပ်ကျလိမ့်မယ် ကြားလား ဂျစ်တူး ကိုယ်ပြောနေတာ ကြားလား?"
ရိပေါ်က စောင်ကို ခေါင်းမြီးခြုံရင်း ကုတင်ပေါ်မှာ လှိမ့်ကာပတ်ကာနှင့် မကြားချင်ယောင် ဆောင်နေသည်။ နောက်ဆုံးတော့ အလှိမ့်လွန်သွားပုံပင်....
"ဗုန်း.."
"အားရိုး"
"ကျိုးပြီလား?"
"ကျန့်...ကုတင်ပေါ်က ပြုတ်ကျတာလေဗျာ၊ မညှာမတာနဲ့ ဘယ်လို မေး လိုက်တာလဲ..မုန်းဖို့ကောင်းလိုက်တာ "
ကြမ်းပြင်ပေါ်မှာ မျက်လုံးစုံမှိတ်ရင်း ပေါက်ပေါက်ဖောက်နေပုံက အရင်က ဝမ်ရိပေါ် Style မဟုတ်သော်လည်း ခုတော့ပြောင်းလဲလာသော ဝမ်ရိပေါ် Style အသစ်က ထိုသို့ပင်...။
ကျန့် အိပ်ယာက နှိုးမှထမည်။
ကျန့် နဲ့အတူ မနက်စာစားမည်။
ကျန့် က ကျောင်းကို လိုက်ပို့ပြီး အပြန်ကျလာကြိုရမည်..။ အစီအစဥ်တွေက ဖြူးနေရောပဲ။ သာယာလိုက်တယ့် ငါ့ဘဝကြီး အဟက် ဟက် ဟုတ်တယ်မလား?ရှောင်းကျန့်က Suit နက်ပြာရောင်ကိုဝတ်ဆင်ရင်း နက်တိုင်ကို ခပ်မြန်မြန်ပင် စည်းနှောင်လိုက်ကာ ကုတင်အောက်မှာ လူးလိမ့်နေသော ပိုးတုံးလုံးလေးကို ပွေ့ချီလိုက်သည်..။ ထို့နောက်ရေချိုးခန်းထဲ အတင်းပင်သွပ်သွင်းလိုက်ပြီး...
"တစ်ကိုယ်ရည် သန့်ရှင်းရေးကို မြန်မြန်လုပ်လိုက်၊ အိပ်ယာပေါ်မှာ အကျီတွေ ထုတ်ပေးထားတယ်၊ ပြီးရင် မနက်စာစားဖို့ ဆင်းလာခဲ့..ကြားလား ဟေ့ ကိုယ်ပြောတာ ကြားလား အဲ့လို ရေဇလားထဲမှာ ထိုင်မနေနဲ့လေ၊ အအေးပတ်လိမ့်မယ်..."
ရိပေါ်က မျက်လုံးများကို မှိတ်မြဲမှိတ်လျက်နှင့် ရေဇလားထဲမှာ ခွေခေါက်အိပ်နေပုံက တကယ့်ကိုProဆန်ဆန် အထာကျကျ..။
ထံုးစံအတိုင်း အမောင်ရှောင်းကျန့်မှာ အပေါ်Coatကို ချွတ်လိုက်ရပြီး အတွင်းအင်္ကျီ ဖြူကိုတံတောင်ဆစ်ခန့်ထိ လိပ်တင်လိုက်ရသည်..။ ထို့နောက် အမည်ခံထားရပြီးမပိုင်ဆိုင်ရသော လင်ယောကျာ်းလေး အား ရေချိုးသန့်စင် ပေးလိုက်ရသည်..။
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]