Chapter (12)

1.3K 99 0
                                    

Reason
________

ရှေ့က ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းကာ တိုက်ကာစကား ပြောနေကြသည်။ ပြီးနောက် ဘာကိုသဘောကျမှန်းမသိ တစ်ဝါးဝါး တစ်ဟားဟားနဲ့ အော်ရယ်နေကြပုံက ပြဇာတ်ရုံ ရောက်နေသလို။

ရှောင်းကျန့် ခပ်လှမ်းလှမ်းမှ အသာလိုက်လာတာမို့ အသံတွေ မကြားရသော်လည်း ဖြစ်ပျက်နေပုံကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြန်သည်။

"ဟိုမှာ...မင်းယောက်ဖ ရိပေါ် "

"ထိုင်နေကျဆိုင်မှာ မထိုင်ဘဲနဲ့...အဲ့ဆိုင်မှာ ဘာသွားလုပ်တာလဲ"

"အေးလေ...အရသာ မကောင်းမှန်းသိရက်နဲ့"

ကိုယ်တောင် ကြားတယ်ဆိုမှတော့ ဘေးနားက လူတွေလှည့်ကြည့်တာ မဆန်းပါဘူး၊
နှစ်ယောက်သား နီးနီးလေးကို အော်ပြောနေပုံက ဆန်းကြယ်လွန်းသည်..။

သို့ပေမယ့် ဝမ်ရိပေါ် ဆိုသော နာမ်စားကြောင့် ဆိုင်ထဲကို အသာကြည့်လိုက်ပေမယ့် လူထူထပ်နေတာမို့ မည်သူမှန်းမသိသေး..၊ ရှေ့ကဂြိုဟ်သားနှစ်ကောင်က...ကျောခိုင်းထိုင်နေတယ့် ကောင်လေးဘေးမှာ ဝင်ထိုင်လိုက်တာမို့..ကျွန်တော်လဲ ထိုဝိုင်းနားသို့စွေ့ခနဲပင် ရောက်ရှိ သွားတော့သည်။

"အောင်မယ်....ဒီနေ့လူလို သူလိုဝတ်လို့ပါလား"

"အေးလေ...ကြည့်ရတာ ကန့်လန့်ကြီး"

"တော်စမ်းပါကွာ ငါ့အဖေ လိုက်ပို့ပါတယ်ဆိုမှ..လော်လီတာတွေ ဘယ်ဝတ်လို့ရမလဲ..."

သုံးယောက်သား စကားလက်ဆုံးကျနေစဥ်မှာ  ရှောင်းကျန့်မှာတော့ ခပ်လောလောအသံနှင့်...

"ဝမ် ရိ ပေါ် ဆိုတာမင်းလား"

ကိုယ့်စကားအဆုံးမှာ နောက်ပါးဆီက ထွက်လာတယ့်အသံသဲ့သဲ့ကြောင့် ရိပေါ်ကြောင်သွားတာအမှန်၊ ကျောင်းမှာ သူ့ကို မသိသေးတယ့်သူ ရှိသေးတယ်တဲ့လား?

ခပ်ဖွဖွရယ်သွမ်းရင်း တစ်ချက် စောင်းကြည့်လိုက်သော်လည်း ထင်မှတ်မထားသော ထိုသူ့ရုပ်လွှာကြောင့် နေရာမှဝုန်းခနဲ ထရပ်မိသည်..။

" ရှောင်းကျန့်...ခင်ဗျား "

"ဟင်..."

Double Amizing ဖြစ်သွားသူက ရှောင်းကျန့်ပင်၊ ကိုယ်က Baby လေးကို စိတ်ပူလို့ ဝမ်ရိပေါ်ကို တွေ့ချင်တာလေ၊ ခုတော့ကိုယ်ရှာနေတယ့် ဂျစ်တူးကောင်ကလဲ ဒီကောင်လေးဘဲလား..။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now