Chapter (27)

1.4K 99 1
                                    

Reason
________

မြို့ပြင်က အပန်းဖြေစံအိမ်ကို ရောက်တော့ ညတစ်နာရီခန့်တောင် ရှိနေပြီ။ မရောက်တာကြာပြီ ဖြစ်သော်လည်း ခြံအလုပ်သမားများကြောင့် အိမ်ကြီးဟာ အရင်လို သစ်လွင်လို့နေဆဲ..။ သို့ပေမယ့် လူသံတွေကတော့ ထုံးစံအတိုင်း တိတ်ဆိတ်လို့..။

အလုပ်သမားများက ခြံသန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပြီးတာနှင့် ဒီအိမ်ကြီးမှာ ဆတ်နေစရာမလိုတာမို့ အမြဲလိုလို ဤစံအိမ်ကြီးက ခြောက်ကပ်လျှက်ရှိသည်..။

တစ်မျှော်တစ်ခေါ် စိုက်ပျိုးထားသော ပန်းခင်းကြီးက ညလယ်ခေါင်မှာ တစ္ဆေခြောက်သလို ဟိုယမ်းဒီယမ်းနဲ့ကျောချမ်းဖွယ်...။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာမို့ အပန်းဖြေစံအိမ်နဲ့ မတူဘဲ သရဲခြောက်တယ့်အိမ်ကြီးနဲ့သာ ပိုတူနေသည်..။

ခြံထဲမဝင်သေးဘဲ အတွေးတွေက ထွေပြားနေကာ Phoneဝင်လာမှ အသိက ကပ်သည်။
ရှောင်းကျန့်ရဲ့ Miss Callsများစွာကိုမျက်ကွယ်ပြုရင်း အလောတကြီးနှင့် ဖုန်းကိုနားနားကပ်ကာ...

"မင်း စံအိမ်ကိုရောက်နှင့် နေပြီလား?"

တစ်ဖက်က ခပ်ဝဲဝဲ ဘိုကပြားလေးရဲ့ဆဲရေး တိုင်းထွာသံတွေက နားထဲသို့ အလုံးအရင်းနဲ့ဝင်လာတာမို့ ဖုန်းကိုပြန်ချလိုက်တယ်..။ သူရောက်နှင့်နေပြီပဲ...အဟွန်း နှုတ်ခမ်းပါးတို့ကပြုံးရိပ်ဆင်ကာ ယခုထိ သတိလစ်နေဆဲ ဖြစ်သော ရိပေါ့်နဖူးကို အနမ်းတစ်ပွင့် ခြွေလိုက်ရင်း...

"Dr..တောင်ရောက်နေပြီတဲ့၊ ကိုယ်ရေးတယ့်ဇာတ်မှာ မင်းက ကောင်းကောင်းလေး သရုပ်ဆောင်ပေးရမယ်နော် ရိပေါ်"

ထို့နောက် ရှောင်းကျန့်ဆီကို နောက်ထပ်မက်ဆေ့ တစ်စောင်ထပ်ပို့လိုက်သည်..။ အခြားတော့မဟုတ်၊ ဤစံအိမ်ကြီးရဲ့လိပ်စာပင်၊ မင်းဘယ်လောက်ဘဲအပြေးလာပါစေ..မိုးလင်းမှရောက်မှာကျိန်းသေတယ်..။ဘာလို့လဲဆိုတော့ ငါပို့လိုက်တာကလိပ်စာအမှားဖြစ်နေလို့လေ။ Hk Hk..

"Jade မင်းဘာဖြစ်စေချင်တာလဲ? ငါဆေးပညာသင်ထားတာ လူနာတွေကိုကယ်တင်ဖို့ကွ"

မပီတပီ တရုတ်စကားသံ လေးကြောင့် Jadeကခွီးခနဲ ထရယ်ရင်း ကုတင်ပေါ်မှာ ပုံ့ပုံ့လေး မေ့မျောနေသော ရိပေါ့်ကို မေးဆတ်ပြရင်း..

"REASON..." [[ COMPLETED ]]✔Where stories live. Discover now