Reason
_________"ပါး ကျွန်ေတာ့်ကို အစားထိုးပေးတယ့် နှလုံး
ပိုင်ရှင်က ဘယ်သူလဲ..?"ကျန်းဝမ်ရင်က ဖန်ရှင်းနဖူးပေါ် ဝဲကျနေသော ဆံပင်အချို့ကို သပ်တင်ပေးပြီး လေပြေလေးနှင့်..
"အရင်ဆုံး နေကောင်းအောင် ေန နောက်မှ ကျေးဇူးဆပ်လို့ ရပါတယ်.."
ပါး ပြောတာမှန်နေတာမို့ ဖန်ရှင်း ဘာမှ
ဆက်မပြောတော့..။မိမိဘဝကို ကယ်တင်
ခ့ဲသောထိုသူက လောကကြီးထဲတွင် မရှိ
တော့လောက်ချေ..။နှလုံး အစားထိုးတယ်ဆိုတာ ထင်သလောက်မလွယ်ကူသလို ပေးချင်တိုင်းလည်း ပေးလို့မရသော အစိတ်အပိုင်းတစ်ခု..။ နှလုံးရောဂါက မွေးရာပါ မဟုတ်ပေမယ့် မိသားစုလိုက်ကားအက်ဆီးဒင့် ဖြစ်ခဲ့တုန်း
က ရခဲ့သောဝေဒနာတစ်ခု..။မား က နေရာမှာတင် ပွဲချင်းပြီး သေဆုံး
သွားကာ ပါးကတော့ ခြေထောက်တစ်
ဖက်ကို စတီးချောင်း ထည့်လိုက်ရသည်..။မိမိကတော့ တစ်လလောက် သတိမေ့နေကာ ပြန်သတိရလာတော့လည်း စကားမပြောပဲ ဆွံအနေတာ[3]လလောက် ကြာသည်..။ ရင်ဘတ်က စူနင့်စွာနာကျင်မှု တို့ကြောင့် စမ်းသပ်ကြည့်တော့...
နှလုံးက အတွင်းကြေသလို ဖြစ်နေပြီး ပါးတောင် ရှာဖွေလို့မရတယ့် ရောဂါဆိုးတစ်ခုက ဖန်ရှင်းဆီ ရောက်လာခ့ဲသည်..။
အမည်တပ်ရခက်သောရောဂါ!
နှလုံးရောဂါဟုပင် ယူဆရသော်လည်းအတွင်းကြေနေကာ ကောင်းစွာအလုပ် မလုပ်နိုင်သော နှလုံးတစ်ခုအဖြစ် ဖန်ရှင်းနှလုံးသားဟာ ပြောင်းလဲသွားခ့ဲသည်..။နည်းလမ်းတစ်ခုက ဆဲလ်တူ တစ်ရှူးတူ
သော နောက်ထပ် နှလုံးတစ်ခုကသာ ဖန်ရှင်းအသက်ကို ကယ်တင်နိုင်လိမ့်မည်.။
ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်သော ကိစ္စ
မှန်း လူတိုင်းသိသည်...။နှလုံးတစ်ခုလုံး အစားထိုးခြင်းဟာ ပေးသူ
က သေဆုံးမှာဖြစ်ပြီး ရယူသူကလည်း အသက်ရှင်ဖို့ မသေချာ..။ မိမိတောင် ၅ရက်လောက် သတိမေ့နေခဲ့သည်တဲ့..။ခုလို အကောင်း ပကိတိအတိုင်း နိုးထလာ
ခြင်းက နောက်ထပ် ဘဝအသစ်တစ်ခု ရလိုက်သလိုပင်..။
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]