Reason
_________အထပ်ထပ်မြင်နေသော ထိုမြင်ကွင်းသည်အတွေအိမ်ထဲမှ ခုထိဖျောက်ဖျက်လို့ မရသေး။ နှုတ်ခမ်းမှ ပေါက်ပြဲရာ အချို့ကိုအာရုံမစိုက် နိုင်လောက်အောင်ပင် ရှောင်းကျန့်အတွေးများက ယောက်ယက်ခက်လျက် ရှိသည်..။
Phone ထဲက အသံတွေကြောင့် စိတ်ပူပြီးအပြေးသွားခဲ့ပေမယ့် ပင်တိုင်စံသခင်လေးအခန်းကို ရောက်ဖို့ ဆူးခလုတ်များစွာကိုကျော်ဖြတ် ရသေးသည်..။ ရောက်ပြီဆိုတော့လည်း တွေ့လိုက်ရသည်က...
"***Sob..."
ခုလို ကြူကြူမြည်အောင် ရှိုက်ငိုဖူးတာက ဒုတိယအကြိမ်ပင်။ Bae သေဆုံးတယ့်အချိန်တုန်းက ကျွန်တော်ဒီလိုငိုခဲ့ဖူးတယ်..၊ဒါပေမယ့် ခုချိန်မှာရင်ဘတ်က ပိုနာနေသလိုပဲ..။
အစကတည်းက Jade နဲ့မပြတ်နိုင်ခဲ့ရင် ဘာလို့ ကိုယ့်ရင်ခွင်ထဲ မှေးစက်ခဲ့လဲ ဂျစ်တူးရယ်။ ရင်ဘတ်ထဲက လူတွေကိုထုတ်ပြီး မင်းတစ်ယောက်တည်း ကိုးကွယ်မယ်လို့ ကိုယ်ပြောခဲ့တာက စကားသက်သက်လို့များ ထင်ခဲ့တာလား?
"Jade..."
Phone နံပါတ်တစ်ခုကိုနှိပ်တော့ တစ်ဖက်မှ ဟန်မဆောင်နိုင်အောင်ပင် အူယာဖားယားနှင့်...
"Boss နေကောင်းတယ်မလား?ကျွန်တော်ဖုန်းဆတ်တာ ဘာလို့မကိုင်တာလဲ"
လုဝေ အသံက ပျော်မြူးနေပုံရတာမို့ ရှောင်းကျန့်ကလေသံကို အတတ်နိုင်ဆုံး ထိန်းရင်း...
"ငါက မင်းBossမဟုတ်တော့ဘူး ဒါနဲ့ ပါး ရောနေကောင်းရဲ့လား"
မခေါ်လို့ရတယ် မတော်လို့မရဘူး ဆိုတယ့်စကားအတိုင်း သိချင်စိတ်ကြောင့် မေးဖြစ်ပြန်သည်..။တစ်ဖက်မှ အနည်းငယ် တိတ်ကျသွားကာ အတော်ကြာမှ...
"ဟုတ် Bossရဲ့အဖေနေကောင်းပါတယ်၊
နောက်ပြီး ဟိုလေ..Boss ရဲ့ မေမေလေးက ကိုယ်ဝန်လွယ်ထားတာ ၃လထဲရောက်နေပြီ""ဪ..."
ဘာရယ်မဟုတ် ဝမ်းနည်းသွားမိသည်..။အေးလေ ကိုယ့်ကို အမွေပြတ် စွန့်လွှတ်လိုက်မှတော့ ပေးမယ့်သူ ထပ်မွေးရမှာပေါ့။ ဟိုအဖြူမကလဲ ငယ်ငယ်လေးဘဲ ရှိသေးတာ။
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]