Chapter (13)

1.3K 98 2
                                    

Reason
_________

ဂျစ်တူးကောင်ကို ပုခုံးပေါ်က ချပေးလိုက်သည်နှင့် ဝိုက်လက်သီးတစ်လုံးက ဆိုင်းမဆင့် ဗုံမဆင့်နဲ့...ဝင်လာတာမို့ အမြန် ရှောင်လိုက်ရသည်။ လက်ပြန် လိမ်ချိုးလိုက်သောအခါ..ဂျစ်တူးဆီက အသံဆာဆာလေးက ကတ်ကတ်လန်အောင်ပင်...

"ဘာလုပ်တာလဲ...လွှတ်စမ်း၊ ကျောင်းဧရိယာကြီးမှာနော် ကျွန်တော် အော်လိုက်ရမလား..ပြော!!!"

ရိပေါ် အနည်းငယ် ခြိမ်းခြောက်လိုက်မိသည်..။ဘာလို့ငါက ခံဖက်ကချည်း ဖြစ်နေရတာလဲ??သူကဘဲ သွက်လွန်းတာလား.?? ခုလဲကြည့်ဦး ၊ဖြစ်ပျက်နေပုံက ဆီလျော်မှုမရှိဘူးလေ။

"အဟွန်း...လက်ကိုချုပ်ထားလို့​ ခြေထောက်ကိုတတ်နင်းဖို့ မကြံနဲ့နော် နောက်ပြီး..မင်းက ကျောင်းဧရိယာထဲမှာ ဘာအော်မလို့လဲ? ကျွန်တော့်ကို လိုက်နှောက်ယှက်ပါတယ်လို့လား??ဒါမှမဟုတ်..မုဒိန်းကျင့်ဖို့ကြံ..."

"အား...ပါးစပ်ပိတ်ထားစမ်း"

ရှောင်းကျန့် ခပ်သော့သော့ ရယ်လိုက်မိသည်၊ ဂျစ်တူးနဲ့တွေ့မှဘဲ...ပါးစပ်ကလဲ ဂျစ်တူးနဲ့တွေ့မှဘဲ ပေါက်ကရတွေချည်း ထွက်လာလိုက်တာ၊ အဟွန်း...ပျော်ဖို့တော့ကောင်းသား။

"ကျွန်တော့်ကို လွှတ်ပေးဗျာ လက်တွေနာနေပြီ "

ရိပေါ် အသနားခံလိုက်မိသည်..။
ထိုသူစကားပြောတိုင်း ထွက်သက် ဝင်သက်တွေက မိမိနားရွက်ကို ရိုက်ခတ်နေတာမို့..ကြက်သီးတွေ တစ်ဖြန်းဖြန်းထလာတာအမှန်..

ဘာပဲဖြစ်ဖြစ်..ကျွန်တော့်ဝသီအတိုင်း ခြောက်သင့်ရင်ခြောက်၊ လျော့သင့်ရင်လျော့ရမှာဘဲ၊ ရှောင်းကျန့်ကိုတော့ ငါမနိုင်လောက်ဘူး၊ မင်းယွဲ့နဲ့ကျင်းလန်ကိုခေါ်ပြီး Fight ရင်တော့ နိုင်လောက်တယ်။

"အဲ့လိုလိမ္မာမှာပေါ့ ဂျစ်တူး ရ "

အပြောနဲ့အတူ ဆံပင်များပါ အဖွခံလိုက်ရတာမို့ စိတ်ကသိပ်မကြည်တော့၊ ဟူး..ရှိစေတော့..စိတ်ကိုသိသိသာသာ လျော့ချရင်း..ထိုသူအား စူးစိုက်ကြည့်မိသည်..။ ဟိုဘက်ကလဲ မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေတာမို့ ကျွန်တော်တို့နှစ်ယောက်က အကြည့်ချင်းပြိုင်နေသလို...။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now