Reason
_________"အဲ့ Video record ကို ကြိုက်သလိုလုပ်လိုက်၊ ကျွန်တော်အသိစိတ် မရှိတယ့်အချိန်မှာ ခင်ဗျား ဆတ်ဆံထားတာမို့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်.."
Jade ကျောပြင်က မတ်ခနဲဖြစ်ကာ မျက်နှာပေါ်က အပြုံးတို့တောင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်..။ သို့ပေမယ့်ဧည့်ခန်းထဲက လူများကို ဝေ့ဝိုက်ကြည့်တော့ ဝမ်ကျောက်က ခပ်ပြုံးပြုံး မျက်နှာပေးနှင့်...
"ဟုတ်တယ် သား ဆုံးဖြတ်တာမှန်တယ် ဒီသတင်း ရိုက်ခတ်မှုကြောင့် ပါးးရဲ့Share စျေးတွေလထိုးကျရုံမကလို့၊ Companyပါဒေဝါလီ ခံသွားရပါလိမ့်စေ ဒီကောင့်လက်ထဲမှာ သားကိုတော့ မထားခဲ့နိုင်ဘူး.."
ရှောင်းကျန့်ကလဲ ပြုံးလျက် ထောက်ခံလာသည်။
"Mediaပေါ်က သတင်းတွေက Poppingဖြစ်လဲခဏပဲလေ ဒါ့ကြောင့် ဘာ့မှကြောက်စရာမလိုဘူးနော်"
ရင်ထဲခဲကြီးကြီး ချိတ်ဆွဲခံရသလို လေးလံနေသူက Jade ပင်..။သို့သော်လည်း မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ဆင်မြန်းရင်း...
"အားလုံးက အဲ့လိုဆိုမှတော့ ကျွန်တော်ကပြောစရာမရှိပါဘူး၊ နောက်ဖြစ်လာမယ့်အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင်ထားလိုက်ပေါ့.."
ဝမ်ကျောက်က ထိုကပြား စကားကိုမျက်ကွယ်ပြုရင်း နေရာမှထရပ်သည်..။ရှောင်းကျန့်မှာတော့ ဂျစ်တူးကို အသာ ပွေ့ချီလိုက်ပြီး...
"ကိုယ်တို့ပြန်ကြမယ် Uncleဆီကလဲ ခွင့်ပြုချက်ရပြီးပြီမို့ အမြန်ဆုံး လက်ထပ်ကြမယ်"
ရိပေါ်က အင်းမလုပ် အဲမလုပ်နှင့် မျက်လုံးသေကြီးများနှင့်သာ သူ့ကို စိုက်ကြည့်နေသည်..။ ကျင်းလန်နှင့် မင်းယွဲ့ကတော့ Jade ကိုတစ်ခုခု လုပ်ချင်နေပုံနှင့်လက်သီး လက်မောင်းတန်းကာ..
"မထင်ရဘူး Jade မင်းကမင်းသားခေါင်းဆောင်း ထားတယ့် ဘီလူးကြီးပဲ"
"လာစမ်းပါ ကျင်းလန်ရာ အဲ့ကောင်နဲ့စကားပြောနေဖို့တောင် အဖက်မတန်ဘူး"
တဖြေးဖြေး ခြောက်ကပ်သွားသော အိမ်ကြီးထဲမှာ Jade တစ်ယောက်တည်းသာ ကူရာကယ်ရာမဲ့စွာနှင့် ကျန်ရစ်ခဲ့သည်။
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]