Chapter (28)

1.5K 108 1
                                    

Reason
_________

"Uncle ပြောချင်တာက ရိပေါ့်ကို ပြန်ခေါ်သွားမယ်ဆိုတယ့် သဘောလား?"

ဝမ်ကျောက်က ခေါင်းညိမ့်ပြရင်း...

"ဟုတ်တယ် သား ကိုခုလိုပုံစံမျိုး မြင်ရတာ Uncleစိတ်မချနိုင်ဘူး၊ ရိပေါ်က နည်းနည်းဆိုးချင်ပေမယ့် စိတ်ကတော့ ထိရှလွယ်တယ်ဆိုတာ...."

စကားပင်မဆုံးလိုက် Jadeကဟက်ခနဲတစ်ချက် ရယ်သည်။ ရှောင်းကျန့်နဲ့ အတူတူ ရိပေါ့်အဖေပါ လိုက်လာကတည်းက မိမိဘက်တွင် မည်သူမျှမရှိတော့မှန်း..

"Sorry ပါ Uncl ရိပေါ့် ကိုပြန်ထည့်ပေးဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ Uncle မြင်ခဲ့တယ့်အတိုင်းပဲ ကျွန်တော်တို့ နှစ်ယောက်က အခြေအနေတစ်ခုအထိ ရောက်ခဲ့ကြပြီးပြီ "

"ဒါက Uncle သားဆန္ဒမှ မပါခဲ့တာ"

"အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးတဲ့၊Uncle လဲကြားဖူးမှာပါ တိုက်ပွဲတစ်ခုမှာ လူအင်အားကလဲ အရေးပါသလို နည်းဗျူဟာကလဲ အရေးပါတာပဲ၊ ကျွန်တော်ဘာကိုဆိုလိုသလဲဆိုတာ Uncle နားလည်မှာပါ.."

ဧည့်ခန်းထဲမှာ နှစ်ယောက်တည်း ရှိလို့သာတော်သေးသည်။ မိမိသားအရွယ် ကောင်လေးတစ်ယောက်က အပြောပရိယာယ်ကြွယ်ဝစွာနှင့် ထိုးနှက်နေခြင်းကို ဝမ်ကျောက်မှာ ဒေါသတကြီးနှင့် နားထောင်နေရသည်။ ဒီကပြားကောင် ဒီလောက်စကားတတ်မယ်မှန်းမသိခဲ့ပေ..။ သို့ပေမယ့်နောက်ဆုံးစကား တစ်ခွန်းကို ခက်ခက်ခဲခဲနှင့်...

"ဘာပဲဖြစ်ဖြစ် Uncle က ရိပေါ့်ကို ပြန်ခေါ်သွားမယ် ဆိုရင်ရော..."

ထိုစကားအဆုံးမှာ Jade က ဟက်ခနဲရယ်သည်။ ပြီးမှ..

"ဒီလိုတွေ ဖြစ်လာနိုင်မှန်းသိလို့ ကျွန်တော်မှာကြိုတင် ပြင်ဆင်ထားတာရှိတယ်၊ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး Video Record တစ်ခုပါပဲ"

"ဘာ...."

ဝမ်ကျောက်မျက်နှာက မီးမြှိုက်ခံရသည့်နှယ်မဲတတ်သွားကာ နှုတ်ခမ်းပါးတို့ကလည်း တစ်ဆတ်ဆတ် တုန်နေသည်။ လက်သီးကိုတင်းနေအောင်ဆုပ်ပြီး...

"မင်း...ယုတ်မာလိုက်တာ"

"ကျွန်တော်က ချစ်တယ့် သူကိုပိုင်ဆိုင်ချင်ရုံလေးပါ ယုတ်မာတာ မဟုတ်ပါဘူး"

"REASON..." [[ COMPLETED ]]✔Where stories live. Discover now