Reason
________"မင်းအဆင်ပြေရဲ့လား ရိပေါ်"
"ငါက ဘာအဆင်မပြေရမှာလဲ Jade"
ရိပေါ်ရဲ့ခပ်ပြတ်ပြတ် လေသံအဆုံးမှာ ဆိုင်ကယ်က လမ်းဘေးမှာ တုံ့ခနဲရပ်သည်။ Jade က ဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာ စက်သတ်လိုက်တာမို့ ကိုယ်ပါ ဆင်းလိုက်ရသည်။ ပြီးမှ ဆိုင်ကယ်ကို တစ်ချက်ဝေ့ကြည့်ပြီး...
"ဘာဖြစ်လို့လဲ? ဆီပျက်သွားတာလား?"
"No "
"ဘာလဲ Jade ရာ မောင်းတာကလဲ လိပ်လိုမောင်းတယ် ခုလဲ နားပြန်ပြီ ငါ့ဘာသာလမ်းလျှောက်ပြန်တာမှ ကောင်းဦးမယ်"
Jade က သူ့စကားအဆုံးမှာ သက်ပြင်းသဲ့သဲ့ချပြီး ပခုံးကိုခပ်ဖွဖွ ဆုပ်ကိုင်လာသည်။
"မင်းငိုထားတယ် ရိပေါ် ဘာကြောင့်လဲ?ဘာလို့လဲ? ကိုယ်သိချင်တယ်"
ရိပေါ်က ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်ရင်း ဟက်ခနဲတစ်ချက် ရယ်သည်။ ပြီးမှ Jade လက်ထဲ ထည့်ပေးလိုက်ကာ...
"မင်းနဲ့ငါက ဘာဆိုင်လို့ ပြောပြရမှာလဲ? မင်းဆိုင်ကယ်နောက်လိုက်တယ် ဆိုပြီးအပိုင်တွက်မနေနဲ့နော် Jade"
Jade မျက်နှာက မှုန်မှိုင်းသွားကာ ခေါင်းကိုသာ တစ်ဗျင်းဗျင်း ကုပ်နေရင်း
"ကိုယ်က မင်းနဲ့ဆိုင်ဖို့ ကြိုးစားနေတာလေကွာ၊ မျက်လုံးတွေဖေ ာင်းကစ်အောင် မင်းငိုထားတာကို ကိုယ်က မေးပိုင်ခွင့်မရှိဘူးလား??"
"မရှိဘူး"
ရိပေါ် က တုံးတိပင်ဖြေချလိုက်တော့ Jade က သူ့ကိုခပ်ဆွေးဆွေး ကြည့်လာသည်။ သို့ပေမယ့် ဘာစကားမှတော့မဆို..။
နှစ်ယောက်သား ပြောစရာစကားများ ရှားပါးသွားတာမို့ ရိပေါ်ကပဲ...
"ငါ Taxi နဲ့ဘဲပြန်တော့မယ် ကိုယ့်ဘာသာ သိပ်အထင်ကြီး မနေနဲ့ Bro"
"မရဘူး ကိုယ်လိုက်ပို့ပေးမယ်လေနော်
ရိပေါ်ကလဲကွာ တအားစိတ်ဆတ်တာပဲ.."ပြာယာခတ်နေသော Jade ပုံစံကိုကြည့်ပြီး
ရိပေါ် မငြင်းလိုက်တော့..၊ ခေါင်းကို အသာညိမ့်ကာ ဆိုင်ကယ်ပေါ် တတ်ခွရန် ပြင်လိုက်သည်..။
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]