Chapter (15)

1.4K 114 1
                                    

Reason
________

" မင်းယွဲ့ က ဘာဖြစ်နေတာလဲ?"

ရိပေါ့်အမေးကို ကျင်းလန်က ပါးစပ်လှုပ်ရုံပြောလိုက်တာက "အချစ်နာကျသည်တဲ့"လေ ၊ ထိုသို့ပြောတော့ ရိပေါ် ရယ်ချင်လာသည်..။ ကိုယ်တွေအဖွဲ့မှာ ရုပ်ဆိုးတယ့်သူဘယ်သူပါလို့လဲ? ဘယ်လောက် လှတယ့်မိန်းကလေးမို့လို့ မင်းယွဲ့ က ခုလိုဖြစ်နေရတာလဲ?

ခုတော့ Phone ကိုကြည့်ပြီး တစ်မှိုင်မှိုင်တတွေတွေ ဖြစ်နေပုံက မိမိတို့အဖွဲ့ရဲ့ image ကိုအကြီးအကျယ် ထိခိုက်စေသည်။

"မင်းယွဲ့ဘာ့မှ မမှာပဲ ဖုန်းကို ဝါးစားတော့မလို့လား"

ထိုသို့မေးလိုက်မှ စားစရာကောက် မှာတာမို့ ရိပေါ် သိပ်မကြည်တော့ ၊ ကျင်းလန်မှာလဲ သူ့နည်းတူ ဖြစ်နေပုံရသည်..။ ထို့ကြောင့် ဇိုးဇိုးဇက်ဇက် ဆွဲလုလိုက်တော့ မင်းယွဲ့ ဖုန်းလေးသည် ရိပေါ်နဲ့ကျင်းလန် လက်ထဲသို့ ဆိုက်ဆိုက် မြိုက်မြိုက်ပင် ရောက်လာတယ်..။

"ဟေ့ကောင်တွေ ဘာလုပ်တာလဲ"

"ဟင်..ဒါက "

ကျင်းလန်က ဖုန်းထဲက ကောင်လေးပုံကြောင့် မျက်လုံးပြူးသွားသလို ရိပေါ့်ပါးစပ်ကလဲယောင်းယမ်းကာ ထွက်သွားသည်က...

"ကျန်းဖန်ရှင်း "

"ဟိုနေ့က ဆိုင်ထဲမှာ ချော်လဲတယ့်တစ်ယောက်မလား"

သူတို့အမေးကို မင်းယွဲ့က မဖြေဘဲ ဆိတ်ဆိတ်နေရင်း ဝန်ခံနေသလို၊ ထို့နောက် တိုးသဲ့သဲ့ ထွက်လာသော လေသံက လူကောင်နဲ့တောင်မလိုက်ဖက်..။

"ငါ...ငါကGay တော့မဟုတ်ပေမယ့်
ကျန်းဖန်ရှင်း ကိုကြိုက်နေမိတယ်
ဒါပေမယ့် သူမှာ ချစ်သူရှိတယ်လို့ ငါသတင်းကြားတယ်"

"ဟုတ်တယ် သူ့ကောင် နာမည်က
ရှောင်းကျန့်တဲ့"

ရိပေါ့်စကားလဲအဆုံး နှစ်ယောက်စလုံး အံဩသွားကာ ထွက်လာသော မေးခွန်းများကလဲ တောင်ပုံရာပုံပင်..။

" ရှောင်းကျန့်ဆိုတာ..ဟို..."

"မင်းကို ဆိုင်ထဲကနေ ပုခုံးပေါ် ထမ်းသွားတယ့် ဘဲကြီးမလား"

"ငါမထင်မိဘူး ဖန်ရှင်းရဲ့ချစ်သူက
ယောကျာ်းတစ်ယောက်လို့"

"REASON..." [[ COMPLETED ]]✔Where stories live. Discover now