Chapter (32) Ending

2.7K 118 4
                                    

Reason
__________

ကျောင်းပိတ်ရက်မှာ ဝမ်ရိပေါ်တို့က အားအားယားယား ဖြစ်နေတာအမှန်ပင်။ Company မှာအလုပ်သင် အနေနဲ့ ဝင်လုပ်ရန် ပါးးကအကြံပေး နေသော်လည်း ထိုအကြံကို ချက်ချင်းပင် Cancel လုပ်ပစ်လိုက်တယ်..။

စီးပွားရေးအကြောင်း ဆွေးနွေးလျှင်ပင် ဝမ်ရိပေါ်တို့က ခေါင်းကိုက်လာသည်..။ Company ကိုတောင် တစ်ခါမှခြေချလေ့ မရှိတာမို့ ဝမ်ကျောက်မှာ သားတစ်ယောက်ရှိသည် ဆိုတာတောင် လူတိုင်းက မေ့လျော့လုနီးပါး ဖြစ်နေကြသည်..။

ဟူး...ကျန့် ရုံးခန်းထဲမှာ သွားထိုင်နေရင်းလဲ ကိုယ်တော်ချောက အလုပ်ကိုမလုပ်ပဲ ဂျစ်တူးကိုပဲ လုပ်ချင်တယ် လို့ခဏခဏ ပြောနေတာကြောင့် ပိန်ပိန်ပါးပါး ကိုယ့်ခန္ဓာကိုယ်တောင် အားနာလာသည်။ မဖြစ်ချေသေဘူး!!!

သင်တန်းတတ် ဆိုတော့လည်း မတတ်ချင်ပေ။ အိမ်မှာ နေဖို့ကလဲ ပျင်းဖို့ကောင်းလွန်းသည်။ လျှောက်လည်ဖို့ကလဲ ကျန့်က အလုပ်တစ်ဖက်နှင့် မအားတာမို့ ဂျစ်တူးတစ်ကောင် Stay Home ကာလမှာ အကြံအိုက်နေသည်။

မင်းယွဲ့နဲ့ ကျင်းလန်ကလဲ တစ်ခုမှ အားကိုးမရ RS ကိုယ်စီနှင့်မို့ ကျောင်းပိတ်ရက်မှာ တစ်နေရာသွားရန် အစီအစဥ်ဆွဲနေပုံပင်။ အတွေးများနှင့် ခြံနောက်ဖေးကို ရောက်မှန်းမသိရောက်လာကာ မာလကာပင်ကြီးကို တွေ့လိုက်ရမှ နှုတ်ခမ်းတို့က လှစ်ခနဲပြုံးသည်။

"အဲ့တုန်းက ပြုတ်ကျတာ ဖင်ကိုနာနေရောပဲ"

ထို့နောက် လူတစ်ရပ်ခန့် မြင့်သောအုတ်တံတိုင်းကြီးကို အတော်ကြာ ရပ်ကြည့်ရင်းနောက်တစ်ကြိမ် ရယ်မိပြန်သည်။

"ဒီ အုတ်တံတိုင်းပေါ်ကို ဘယ်လိုများကျော်တတ်လာတာလဲ? ကံကောင်းလို့ ဘာ့မှမဖြစ်တာ ၊ အဲ့ဒီအချိန်ကတည်းက ကျန့်က ငါ့ကိုချစ်နေခဲ့တာလားမသိဘူး"

တစ်ယောက်တည်း အမေးအဖြေလုပ်ပြီး ရယ်မောခြင်းကို အတောမသတ်နိုင်။ ထို့နောက်အတွေးထဲ ဝင်လာသော သူတစ်ယောက်ကြောင့် ရင်ထဲတစ်သိမ့်သိမ့် တုန်တတ်သွားကာ ပါးစပ်ကလဲလွှတ်ခနဲ...

"ပေနန်နန်..... "

သူမကို ကျေးဇူးတင်ရမည်..။အမြင်အာရုံကိုသာမက အပိုဆုအနေနှင့် ကျန့် ရဲ့ပုံရိပ်ယောင်ကိုပါ ကျွန်တော့်ဆီကို ပေးပို့ခဲ့တယ့် သူမက ကျွန်တော့်အတွက်တော့ နတ်သမီးလေးလိုပင်...။

"REASON..." [[ COMPLETED ]]✔Tempat cerita menjadi hidup. Temukan sekarang