Chapter (2)

2.6K 155 2
                                    

Reason
_________

"ဘာ !ဘာပြောတယ်.."

"........."

"မဖြစ်နိုင်ဘူး မဟုတ်ဘူး အား.."

Phone Connection ပြတ်တောက်သွား
သော်လည်း Phone ကို​ေတာ့ နားမှာကပ်
ထားဆဲ..။

မျက်ရည်များက သခင့် ခွင့်ပြုချက်မရပဲ
တာကျိုးကာ ပါးပြင်ပေါ်သို့ ခုန်ပေါက် ဆင်း
လာကြသည်..။ နားနဲ့ဆက်ဆက် ကြားလိုက်ရသော်လည်း ခုထိ မယုံကြည်နိုင်သေး...။

သည်းထန်စွာ ငိုကြွေး လိုက်သော်လည်း ရင်ထဲ ပြည့်ကြပ် နေတုန်းပင်..။
ဘာလို့လဲ..?
ကံကြမ္မာက သူ့အပေါ် နည်းနည်းလေးတောင်
မျက်နှာသာ မပေးရတာလဲ..?

အနားမှာ ခဏလေး မရှိလိုက်တာနဲ့ ကားအက်ဆီးဒင့်ဖြစ်စရာ လိုလို့လားကွာ!
ခုတော့ ကိုယ်က ဘာများဆတ်လုပ်ရမှာလဲ..?

Baeရယ်..!
မင်း ကိုယ့်အပေါ် ရက်စက်လိုက်တာကွာ..။

"ခုပဲ Chinaကိုပြန်မယ်.."

သို့သော် စိတ်ရဲ့စေရာကို လူက မလိုက်နိုင်။ အမြင်အာရုံများက ချားရဟတ်
လို လည်ထွက်သွားကာ လူက ကြွေခင်း
ပေါ်သို့ အရုပ်ကြိုးပျက် လဲပြိုကျသည်..။

ကူပါ ကယ်ပါ လို့ တစာစာ အော်ဟစ်ရမည့်အစား ကြွေခင်း တစိမ့်စိမ့် ငိုရှိုက်နေသော ထိုလူသားသည် အသက်ရှင်ရတာ
ကိုပင် မနှစ်မြိုတော့သလို..။

ထိုစဥ် အခန်းတံခါးပွင့်လာပြီး လူရွယ်
တစ်ယောက် ဝင်လာသည်..။

"ဟမ်! ဟာ လာကြပါဦး ဒီမှာ Boss မူးလဲနေလို့ "

Security အချို့အခန်းထဲသို့vဝင်လာကြ
ကာ Boss ဆိုသူအား ပွေ့ခေါ်သွားကြသည်..။ ထိုသူ့ပုံစံက ပျော့ဖက်နေပြီး
ချက်ချင်းပင် ဖြူဖျော့လာတာမို့ လူများ
က ပို၍ ပြာယာခတ်လာသည်..။

စားပွဲပေါ်မှာ ထောင်ထားသော အလူမီနီ ယမ်ပြားပေါ်က နာမည်လှလှလေးဟာ ဒီအခန်းပိုင်ရှင်၏ နာမည်သာ ဖြစ်လိမ့်
မည်..။ ထိုနာမည်ကတော့ ရှောင်ရှောင်းကျန့်.
ဟုသာ__

***





"တီ...တီ..တီ...."

စက်မျိုးစုံက ညာသံပေးကာ မြည်နေပြီး
ကုတင်ပေါ်က ပိုးဟပ်ဖြူလို လူငယ်လေးက အောက်ဆီဂျင်ပိုက် တပ်ထားသော်လည်း အသက်ကို ခဲယဥ်းစွာရှူနေရသည်..။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now