Chapter (4)

1.6K 132 3
                                    

Reason
_________

"ကိုကို.."

"ကိုကို..."

မိမိရှေ့မှာ အဖြူရောင်ဂါဝန်လေးနဲ့ မပြုံး
မရယ်ရပ်နေသော Bae..။သူမမျက်လုံးများကိုသာ သင်ဖတ်တတ်မည်ဆိုလျှင် သူမဝမ်းနည်းနေမှန်း သင်သိလိမ့်မည်..။

ညှို့ငယ်နေတယ့် Bae ပုံစံက ရှောင်းကျန့်
ရင်ကို ပို၍ စုံပြတ်သတ်စေသည်..။Brown ရောင်မျက်ဆန်လေးတွေက သူမမျက်နှာပေါ်မှ ကျွန်တော့် အကြိုက်ဆုံး​ေသာအစိတ်အပိုင်းတစ်ခု...။

"Bae..."

သူ့ရဲ့တိုးသဲ့သဲ့ခေါ်သံ အဆုံးမှာ သူမက လှိုက်လှိုက်လဲလဲ ပြုံးပြကာ..

"Bae သွားရတော့မယ် နှုတ်ဆတ်ခဲ့တယ်နော်နောက်ပြီး ကိုကို့ကို အရမ်းချစ်တယ်.."

ထို့နောက် တစ်ဖြည်းဖြည်း လွင့်ပါသွားသော သူမပုံရိပ်က မြူခိုးတွေလို ထိကိုင်လို့ မရလိုက်ပါဘဲ မိမိရှေ့မှာ ရုတ်တရတ် ပျောက်ကွယ်သွားသော Baeကြောင့်သွေးရူးသွေးတန်းနှင့် အော်လိုက်မိသည်..။

"Bae! !! "

"Boss သတိထားပါဦး ကျွန်​ေတာ်တို့ ခု လေယာဥ်ပေါ်မှာလေ.."

ရှောင်းကျန့်မှာ ပတ်ဝန်းကျင်ကို အရေးမစိုက်နိုင်..။ကျီးကန်းတောင်မှောက် လိုက်ကြည့်မိတော့လူအများက ကိုယ့်အာရုံနဲ့ကိုယ်...။

"Bae...Bae..."

သွေးရူးသွေးတန်းဖြစ်ကာ မျက်ရည်များ စီးကျနေသော Boss ဖြစ်သူကြောင့် လုဝေ စိတ်မကောင်း..။

ဘာလို့ အရမ်းချစ်တယ့် သူတွေက မဆုံ
ဆည်းလိုက်ရတာလဲ..? မိမိ Boss အကြောင်းပြောပြရမည်ဆိုလျှင်..

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က သုံးပွင့်ဆိုင်ဇာတ်လမ်းလေး တစ်ပုဒ်မှ နိဒါန်းချီခ့ဲကာ သာမန် ဒရမ်မာ ဇာတ်လမ်း တစ်ခုလိုပါပဲ..။

မင်းသမီး တစ်​ယောက်ကို မင်းသားနှစ်ယောက်က ဝိုင်းကြိုက်ကြသည်ပေါ့..။
နောက်ဆုံးတော့ တစ်ယောက်နဲ့ ညားပြီးတစ်ယောက်ကတော့ အသဲကွဲကာ ကျန်ရစ်ဖြစ်ခဲ့သည်..။ရှောင်းကျန့်ဆိုတာ ခုနကဇာတ်လမ်းထဲက မင်းသားနဲ့ မင်းသမီးရဲ့သားလေး..။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now