Chapter (26)

1.4K 96 3
                                    

Reason
________

"ရိပေါ် အဆင်ပြေရဲ့လားကွာ"

Notebook ကိုစူးစိုက်ကြည့်ပြီး စာ အသဲအသန် လုပ်နေသော သူငယ်ချင်းဖြစ်သူကြောင့် မင်းယွဲ့နဲ့ကျင်းလန်မှာ ဆံပင်တွေတောင် ထောင်လာသည်..။ ဝမ်ရိပေါ်က ဘာလို့ စာလုပ်နဲ့တာလဲ..? တစ်ခုခုတော့ မှားနေပြီ..။

မှားထားတာတွေလဲ ခုထိမစားသေးဘဲ စာကိုအသဲအသန် ကြိုးစားနေပုံက ကျိန်းသေ ဝမ်ရိပေါ့်စတိုင်မဟုတ်..။ သို့ပေမယ့် ထိုလူသားကတော့ အငွေ့တစ်ထောင်းထောင်း ထနေသော မြူစွမ်ပြုတ်ကြောင့် Notebook ကိုပိတ်လိုက်ပြီး...

"စားကောင်းမယ့်ပုံပဲ မင်းတို့ရော မစားသေးဘူးလား"

"အမ် စားနေတယ်လေ ဒါနဲ့ မင်းရှောင်းကျန့်နဲ့အဆင် မပြေလို့လား?"

လှုပ်ရှားမှုတွေ ရပ်တန့်သွားပုံက ထိုအကြောင်းအရာက မှန်ကန်နေကြောင်း ထောက်ပြနေသလို၊ ရိပေါ်က သက်ပြင်းကိုဟူးခနဲချကာ မြူစွမ်ပန်းကန်ကို တစ်ဖက်သို့ရွေ့လိုက်သည်။ ပြီးမှ...

"အင်း ကျန့်က ငါမသိအောင် ဖန်ရှင်းနဲ့တွေ့နေတယ်"

အံ့ဩသွားသော်လည်း စိတ်ကို ချုပ်တည်းရင်း..

"ပြီးတော့ရော..."

"ငါ သူ့ကိုရှောင်နေတာ တစ်ပတ်ရှိပြီ"

"ဟမ်...ဘာလို့လဲ?"

ရိပေါ်က နားထင်ကို လက်နှင့်ပွတ်ရင်းတွေးတော ဟန်ပြုကာ...

"စိတ်ကောက်နေတာလေ.."

မင်းယွဲ့မျက်လုံးနှစ်လုံးက အပြင်ကိုပြုတ်ထွက်မတတ် ပြူးကျယ်သွားပြီး ကျင်းလန်ကတော့ သောက်လက်စ အအေးတောင် သီးသွားသည်။ ဒါပြုစားခံရတာလား? ဝမ်ရိပေါ်ဆိုတယ့် ဂျစ်တူးကောင်က စိတ်ကောက်တတ်တယ်တဲ့..။

"အစကတော့ အထင်လွဲတော့မလို ဖြစ်သွားတယ်၊ ကျန့် က ဖန်ရှင်းအဖေပြောပြလို့ ငါရောက်လာမှန်း သိသွားတာပေါ့ အဲ့တော့ "

စကားကို ဆက်မပြောဘဲ ကိုယ်တွေကို ပြုံးစစနဲ့ ကြည့်နေကာ မြူစွမ်ကို တစ်ဇွန်းခပ်သောက်နေသည်။ ပြီးမှ...

"ကျန့် Phone ကိုငါမကိုင်ဘူးကွာ သွေးပူနေတော့ သိတယ့်အတိုင်းဘဲ စိတ်ကယောက်ယက်ခတ်နေတာ ညရောက်တော့..ထုံးစံအတိုင်း "

"REASON..." [[ COMPLETED ]]✔Where stories live. Discover now