Reason
________"ကိုကိုက ကျွန်တော့်ကို ဘာပြောမို့လို့ဟင်"
ကားဘောနက်မှီရင်း ကန်ရေပြင်ကို ငေးမောနေသော ရှောင်းကျန့်မှာ ရင်ဘတ်ထဲတိုးဝင်လာတယ့် Baby ကြောင့် ခန္ဓာကိုယ်တောင်ယိမ်းယိုင် သွားရသည်..။
"ကိုကို..လို့ဆို.."
ခေါင်းထဲ စီတန်းထားသော ဝါကျတစ်ချို့သည် ပြုံးရွှင်နေသော Baby မျက်နှာကြောင့်အနည်းငယ် တွန့်ဆုတ်ကုန်သည်..။သို့ ပေမယ့် ပြောမှဖြစ်မယ့် အကြောင်းအရာတစ်ချို့ကြောင့်..မိမိခါးကို ဖက်တွယ်ထားသော Baby လက်အစုံကို အသာဆွဲဖြုတ်ပစ်ရင်း...
"Baby "
"ဟုတ်..."
"ကိုယ် ပြောတာနားထောင်ပေးပါ"
ပြောမည့်စကားတွေကို ရိပ်မိနေသောဖန်ရှင်းသည် မျက်နှာက ပြုံးနေရသော်လည်း ရင်ဘတ်ကတော့ တစ်စစ်နာလာသည်..။ ကိုကို တကယ်ပဲ ကျွန်တော့်အပေါ် ရက်စက်တော့မှာလား?
"အင်း ကိုကို ပြောလေ"
"ကိုယ် တို့လမ်းခွဲရအောင်..."
လေထုက အေးစက်သွားကာ ရှောင်းကျန့်မှာ ခေါင်းသာငုံ့ထားမိသည်..။ဒီအချိန်မှာ Baby မျက်နှာကို မကြည့်ဝံ့သေး၊ ကိုယ်က အရင်တွဲရအောင်လို့ တောင်းဆိုခဲ့ပြီး ကိုယ်ကဘဲ အရင် လမ်းခွဲစကားပြောတာမို့ မျက်နှာပူသလို အားလဲနာမိသည်။
"ဘာလို့လဲ *Sob ကျွန်တော် ဘာလုပ်မိလို့လဲ?"
ထိန်းနေသည့်ကြားမှ မျက်ရည်က ကျသည်။မချစ်မှန်း သိပေမယ့် ရင်ဘတ်ထဲမှ ဒီနှလုံးသားက ရှောင်းကျန့်ဆိုတယ့် လူသားကြောင့် တစ်သိမ့်သိမ့် ခုန်နေသည်..။ ခုကျတယ့် မျက်ရည်စက်တွေက မာယာ မ ပါပါဘူးကိုကိုရာ..။
"Baby...ကိုယ် တောင်းပန်ပါတယ်ကွာ"
Baby လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း တောင်းပန်စကားသာ ဆိုနေမိသည်။ Baby က ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ခေါင်းညိမ့်ပြကာ ရှိုက်သံနှော၍ ထွက်လာတယ့် ဝါကျတစ်ကြောင်းက ဤသို့...
"*Sob ဘာ Reasons မှ မတောင်းချင်တော့ဘူး၊ ကိုကို အဆင်မပြေတော့တယ့် တစ်နေ့ ကျွန်တော့်ဆီပြန်လာပေးပါ ***Sob"
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]