Extra (2)

1.2K 70 1
                                    

Reason
________

Extra 2 🍁🍁🍁🍁🍁

ကျွန်တော် Canada ရောက်တာ 6 လကျော်ပြီထင်တာပဲ ၊ အင်း Genius နဲ့ ကျွန်တော်လား အရင်လို သူငယ်ချင်းတွေပါပဲ။

အခုမှ အချစ်ဆိုတယ့် အရာကို နားလည်လာတာ ၊ ကိုယ်ဖွင့်ပြောလိုက်ရင် သူ့ဘက်ကဘယ်လို တုံ့ပြန်မှာလဲ?

ကောင်းသော တံု့ပြန်ခြင်းတော့ မဖြစ်နိုင်ပေ..။ Genius ဆိုတာ ငယ်ငယ်ကတည်းက ကိုယ်နဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ Uni ရောက်မှ ကိုယ့်လမ်း ကိုယ်လျောက်ကြပေမယ့်..အတိတ်တွေ ပြန်တွေး ကြည့်တိုင်းမှတ်ဉာဏ်များထဲတွင် Genius ကတစ်စွန်းတစ်စ ပါလာပြီးသား..။

သူရော ကျွန်တော်ရောက ကပြားတွေမို့ထင်သည်..၊ များသောအားဖြင့် အကြိုက်တွေလဲ တူညီကြကာ ငယ်စဥ်ကတည်း Jadeဆိုသော ကျွန်တော်က Geniusမုန့်ကို လုစားနေကျ..၊ Genius စိတ်ဝင်စားတယ်ဆိုတယ့်ကောင်မလေးကို ဖြတ်လုနေကျ..။

တကယ့်တမ်း တွေးကြည့်လိုက်ရင် အဲ့ဒီအချိန်ကတည်းက Genius ကိုမသိစိတ်ကစိတ်ဝင်စား နေခဲ့တာလား..? မရေရာမသေချာပေ..၊ သို့ပေမယ့် ခုချိန်မှာတော့ ကျွန်တော် သူ့ကိုအရမ်းချစ်တယ်..။

သူက ကျွန်တော့်အချစ်ကို ယုံပါတော့မလား? China မှာတုန်းက ရိပေါ့်ကို ခိုးပြေးတယ့်အချိန်မှာ Genius ကူညီခဲ့တာတွေ ပြန်တွေးမိပြီး ချစ်စကားကို ဘယ်လိုနည်းနဲ့မှ ပြောမထွက်နိုင်..။

"ဟူး....စိတ်လေလိုက်တာကွာ"

ကုတင်ပေါ်မှ ထိုလူသားကတော့ ညဥ့်နက်မှ ပြန်လာတာကြောင့် ခုချိန်ထိအိပ်နေဆဲပင်။ ပိန်ပိန်ပါးပါး ကိုယ်လုံးလေးက အလုပ်ပိလို့ ပိုပိန်လာသလို ခပ်ယဲ့ယဲ့သာ ရှိတော့သည်..။

ကုတင်ထောင့်မှာ ထိုင်ရင်း စိမ်ပြေနပြေသာ ကြည့်နေမိသည်..။ သာမန်အချိန်တွေဆို ထိုသို့မကြည်ရဲပေ..၊ Brown မျက်ဝန်းလေးတွေကို ကျွန်တော် ရင်မဆိုင်ရဲတာဆို ပိုမှန်လိမ့်မည်..။

ရိပေါ့်မျက်လုံးတွေကို မြင်တော့ Genius ကိုတန်းခနဲ သတိရသည်..။ သို့ပေမယ့် လွဲမှားသော ခေါင်းစဥ်အောက်မှာ ရိပေါ့်ကိုသာလိုချင်ခဲ့ပြီး Genius ကို သူငယ်ချင်းဟု သတ်မှတ်လိုက်တာက ကြီးမားသောအမှားတစ်ခု..။

"REASON..." [[ COMPLETED ]]✔Where stories live. Discover now