Reason
________ရိပေါ်က ကုတင်ပေါ်မှ လူးကာလိမ့်ကာနှင့် အလုပ်စားပွဲမှာ တရားမှတ်နေသော ရှောင်းကျန့်ကျောပြင်ကို ကြည့်ကာ..
"ကျန့်..."
"အင်း ပြောလေ အချစ်ကလေး"
ရိပေါ်က ခြေကိုဆောင့်ကာ နှုတ်ခမ်းကိုစူရင်း ကုတင်ပေါ်မှ ခုန်ဆင်းလာသည်။ ပြီးနောက် Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေသော ကျန့် ပေါင်ပေါ်မှာ မရ ရအောင် တိုးဝှေ့ဝင်ထိုင်ရင်း..
"ကျန့်ရာ အလုပ်တွေပဲ လုပ်မနေနဲ့လေ ၊ ကျွန်တော့်ကိုလဲ ဂရုစိုက်ပါဦး"
ရှောင်းကျန့်က မိမိလည်တိုင်နားကို တိုးဝှေ့နေသော လေပြေနုနုလေးနှင့် နှုတ်ခမ်းအိအိလေးကို မျက်ကွယ်ပြုကာ တင်းပါးလုံးလုံးလေးကိုသာ ခပ်ဖွဖွပုတ်ပေးရင်း...
"ဂရုစိုက်ပါတယ်ကွာ ကိုယ့်မှာ ဂျစ်တူးတစ်ယောက်တည်း ရှိတာလေ"
"အင်း ကျွန်တော့်ကိုယ် က လေးလားဟင်?"
မေးတတ်ပါပေ့ ၊ အလုပ်ကိုလဲ အာရုံစိုက်နေရတယ့်အထဲ အာရုံများအောင်လုပ်နေပြီ။
မျက်နှာချင်းဆိုင် ခွထိုင်နေသည့်အပြင် လက်တွေကလဲ အငြိမ်မနေတာမို့ ရှောင်းကျန့်မှာ Laptop ကိုပိတ်ပစ်လိုက်ပြီး..
"ဂျစ်တူးကောင် မြှူဆွယ်တာတွေ ရပ်လိုက်တော့"
ထိုအခါမှ ခပ်အစ်အစ်အသံလေးက အလိုမကျစွာနှင့်...
"ဘယ်မှာမြှူဆွယ်လို့လဲ?ဒီအတိုင်းပဲ မာဆယ်တွေကို ကိုင်ကြည့်နေတာလေ တွန့်တိုတာလားပြော!!!"
အပြောနဲ့အတူ မျက်စောင်းတစ်ချက်ပါ အဆစ်ပါ လာတာမို့ အူယာလာတာ အမှန်ပင်။ အူယားတာကို မည်သို့ ဖြေဖျောက်ရမည်နည်း။ တရားခံကိုသာ တာဝန်ယူခိုင်းသင့်သည် မဟုတ်လား?
နှုတ်ခမ်းမှာ အပြုံးတို့က တွဲလဲခိုရင်း ရင်ခွင်ထဲတိုးဝှေ့နေသော ဂျစ်တူးကောင်ကို ဆွဲထုတ်တော့ မျက်လုံးမှေးလေးများနှင့် မော့ကြည့်လာသည်..။
"ကျန့် ကျွန်တော် အိပ်ချင်နေပြီ"
"အိပ်လို့ရမလား?ဇာတ်လမ်းစပြီးမှတော့ ဆန့်ငင်ဆန့်ငင် ထားခဲ့လို့ရမလား ဂျစ်တူးရ ကိုယ့်ကိုကြည့်ပါဦး"
YOU ARE READING
"REASON..." [[ COMPLETED ]]✔
Fanfiction❗ ZSWW ❗[ ZhanYi ] Xiao Zhan is Seme အချစ်မှာ အကြောင်းပြချက် မရှိပါဘူး..။ Ownstory #Sanaymoeswe [ Second Acc တွင် ကူးယူရေးသားခြင်း]