Chapter (11)

1.3K 111 0
                                    

Reason
_________

"Bae...."

ကျယ်ကျယ်လောင်လောင် ခေါ်လိုက်ပုံပင်..။
သို့သော် ကျွန်တော်ကတော့မကြားရ၊ဘွဲ့ဝတ်စုံကြီးတစ်ဖားဖားနဲ့ အူလှိုက်သည်းလှိုက်ပြေးလိုက်သော လူတစ်ယောက်။ လက်ထဲမှာတော့ ကျူးလစ်ပန်းစည်းကြီးက လှချင်တိုင်းလှနေသည်။

ပန်းနဲ့ယောကျာ်းလေး အပ်စပ်မှုမရှိသော်လည်း..သူနဲ့ကျတော့ လိုက်ဖက်နေပြန်သည် ၊ မျက်လုံး မှိတ်မတတ်ပြုံးနေတာမို့..ယုန်သွားတွေကဖွေးခနဲ..။

"Bae..."

နှုတ်ခမ်းလှုပ်ရုံ ခေါ်လိုက်ပြီး ကျွန်တော့်ကိုပန်းစည်းလှမ်းပေးနေသော ထိုလူသား၊ တစ်နည်းပြောရရင် ရှောင်းကျန့်၊ ကျွန်တော် လှမ်းယူလိုက်သော်လည်း..လက်အစုံကမိန်းကလေးလက် ဖြစ်ကာ ပန်းနုရောင်လက်သည်းနီ ခပ်ပါးပါးနှင့်အပြိုင် အိစက်နေသော လက်ချောင်းများ၊

ထိုလက်ချောင်းလေးတွေ...တစ်ဖက်ကပန်းစည်းလေးကို ကိုင်ကာ..နောက်လက်တစ်ဖက်က...ရှေ့မှလူသား၏ ပါးကိုဖျတ်ခနဲလိမ်ဆွဲလိုက်သည်။

"အ"ဟုအော်လိုက်ပုံပင်။ ထို့နောက် ထိုလက်တစ်ဖက်ကို ခပ်ဖွဖွနမ်းရှိုက်ရင်း ပြောလိုက်သည်က...

"Bae...ကိုယ်မင်းကို အရမ်းချစ်တယ်တဲ့"

အသံမကြားနိုင်ပေမယ့် ဘာသာပြန်တတ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ? ဒါနဲ့ခုမှသတိထားမိတယ် ဒီနေ့က ဘွဲ့ယူတယ့်နေ့ထင်ပါရဲ့၊ အားလုံးက ပျော်လို့ပါးလို့။

သူငယ်ချင်းများနှင့်...အုပ်စုလိုက် Sefile ဆွဲကြသည်။ အော်ဟစ်သံတွေ မကြားရပေမယ့် တော်တော်လေးကို လူရှုပ်နေတာအမှန်၊ သူတို့ပျော်ရွှင်မှုကို ကြည့်ပြီး ကိုယ်ပါ ပျော်သလို ခံစားလာရသည်။

"Bae"လို့ထပ်ခေါ်ပြီး ဆုပ်ကိုင်ခံလိုက်ရသော လက်တစ်ဖက်နဲ့အတူ ပါးပြင်တစ်ဖက်က ဖြန်းခနဲ နွေးသည်။

"အားးးးးးးး!!!!!ရှောင်းကျန့်....."

ညဥ့်နက်သန်းခေါင်းကြီးမှာ ဝမ်ရိပေါ်နဖူးထက်မှာ ချွေးစက်တွေ တွဲလဲခိုလို့၊ ရေဗူးထဲမှ ရေကိုအလောတကြီး မော့ချလိုက်ကာ..Aircon ကိုအရှိန်ထပ် တင်လိုက်ရသည်။ ဘာလို့ ဒီအိမ်မက်တွေ မက်ပြန်တာလဲ ...?

"REASON..." [[ COMPLETED ]]✔Where stories live. Discover now